Monday, October 31, 2016

ရှဝိန်းစတိုင်ဂါ မန်ယူအသင်းတွင် ပြန်လည်လေ့ကျင့်နေ


  မန်ယူအသင်းမှ ဂျာမနီကွင်းလယ်လူ ရှဝိန်းစတိုင် ဂါသည် အသင်းနှင့်အတူ ပြန် လည်လေ့ကျင့်နေပြီဖြစ်သည်။


နွေရာသီက မန်ယူအသင်း ကို မော်ရင်ဟိုလွှဲပြောင်းကိုင် တွယ်ချိန်ကစ၍ အသက် (၃၂) နှစ် အရွယ်ကွင်းလယ်လူသည် တစ် ကိုယ်တော်လေ့ကျင့်ခြင်း (သို့မဟုတ်) ယူ-၂၃ အသင်းနှင့် လေ့ ကျင့်ခြင်းများသာရှိခဲ့သည်။

ဂျာမနီလက်ရွေးစင်အသင်း ခေါင်းဆောင်ဟောင်းသည် မန်ယူ အတွက် မတ်လက နောက်ဆုံးကစားခဲ့ပြီး ယင်းမှာ  လူးဝစ်ဗန် ဂါးလ်လက်ထက်ကဖြစ်သည်။

မော်ရင်ဟိုနှင့် ပုဂ္ဂိုလ်ရေးအ ရ ပြဿနာမရှိဟု ရှဝိန်းစတိုင်ဂါ က သြဂုတ်လအတွင်းက ပြောကြားခဲ့ပြီး မန်ယူသည် ဥရောပတွင် ၎င်း၏ နောက်ဆုံးကလပ်အသင်းဖြစ် မည်ဟုပြောကြားခဲ့သည်။

မော်ရင်ဟိုက ရှဝိန်းစတိုင်ဂါကို အသင်းကြီးတွင် ပြန်လည်ပါဝင် ကစားခွင့်ပေးမည်လားဆိုခြင်း မှာ ရှင်းရှင်းလင်းလင်းမရှိသေး ပေ။

မန်ယူ၏ ယခုရာသီပရီးမီး ယားလိဂ် ကစားသမားစာရင်း တွင် ၎င်းကိုထည့်သွင်းထားသော် လည်း ယူရိုပါလိဂ်လူစာရင်း၌ မပါဝင်ခဲ့ပေ။ ၂၀၁၅ က ဘိုင်ယန် မှ မန်ယူသို့ ပေါင် ၁၄ ဒသမ ၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ဂျာမနီလက်ရွေးစင်ဟောင်းသည် မန်ယူ  အတွက် ၃၁ ပွဲကစားခဲ့သည်။

—Ref:BBC
7daydaily မှ ကူးယူဖော်ပြသည်။
www.myanmakidworld.com