Monday, October 31, 2016

ကိုယ်ဝန်ဆောင်ချိန် သွေးတိုးလျှင် ပြဿနာများစွာဖြစ်ပွားနိုင်



   ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းကြောင့် အန္တရာယ်များပြီး ပြဿနာ အများအပြား ဖြစ်ပေါ်နိုင် သည်ဟု လေ့လာမှုတစ်ခုကဖော်ပြသည်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ပြင်းထန်သော သွေးတိုးခြင်းနှင့် ကြုံတွေ့ရသော အမျိုးသမီးများသည် အချင်းကွာထွက်သွားခြင်း၊ကလေးမွေးဖွားစဉ် အသက်ရှူမရဖြစ်ခြင်းနှင့် သာမန်အရွယ်အစား ထက် သန္ဓေသားသေးငယ်နေခြင်းတို့ဖြစ်နိုင်သည်။


 ကိုယ်ဝန်သက်တမ်း ၂၀ ပတ်ပြည့်ပြီးနောက် ကိုယ်ဝန်ဆောင် အမျိုးသမီးများ သွေးတိုးလာနိုင်ပြီး ယင်းအခြေအနေကို ကိုယ်ဝန် ဆောင်များ၏ ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ ကြုံတွေ့ရလေ့ရှိ သည်။

ယင်းအခြေအနေနှင့်အတူ သွေးဆုံးရှုံးမှုများခြင်း၊ ရောဂါပိုး ၀င်ခြင်းတို့ကြောင့် မိခင်သေဆုံးမှုဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်ရခြင်းကြောင့် ဖြစ်ပေါ်လာသော သွေးတိုးရောဂါနှင့်ပတ်သက်၍ သတိရှိမှုနည်းပါးနေသေးပြီး ဆီးချိုရောဂါနှင့် နှိုင်းယှဉ်ပါက ထိခိုက်မှုများစွာ ပိုများကြောင်း သုတေသီများက ပြောသည်။

ယင်းကဲ့သို့ကောင်းစွာ အသိအမှတ်ပြုခြင်းမရှိသော ကိုယ်ဝန် ဆောင်စဉ် သွေးတိုးခြင်းကြောင့် သွေးတိုးရောဂါကို အမြဲခံစားရခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများကဲ့သို့ ရေရှည်ရှုပ်ထွေးမှုများ ခံစားရနိုင်သည်။

ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းကို ကုသပါက ထိရောက်စွာ ကုသနိုင်သော်လည်း ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိမှာ ကုသ၍ မရနိုင်ကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် မိခင်များ အဓိကကြုံတွေ့ရမှုအများ ဆုံးရှုပ်ထွေးမှုမှာ တက်ခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် မေ့မြောသွား နိုင်သဖြင့် မိခင်ကျန်းမာရေးနှင့် ကလေးကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်သည်။

ကလေးငယ်များအတွက် ကြုံတွေ့ရမှုအများဆုံးအခြေအနေသည် မွေးကင်စကလေးငယ် အသက်ရှူမ၀ဖြစ်ခြင်းဖြစ်ကြောင်းသုတေသီများကပြောသည်။

သွေးတိုးခြင်းသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း ဒုတိယအများ ဆုံးကြုံတွေ့ရသည့် ပြဿနာဖြစ်သည်ဟု သုတေသီများကပြော သည်။

—Ref: TOI
7daydaily မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com