Thursday, October 27, 2016

ကိုယ်တိုင်သတိမထားမိဘဲ သင့်ဇနီးကိုစိတ်ထိခိုက်စေသည့်အပြုအမူများ


 အမျိုးသားတိုင်း သူတို့ဇနီးမယားအပေါ်မှာ အကောင်းဆုံးခင်ပွန်းတစ်ယောက်၊ မိသားစုအပေါ်မှာ တာဝန်ကျေသော အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်လိုကြတာချည်းပါပဲ။။ဒါပေမယ့် တခါတလေ သူတို့ကိုယ်တိုင်သတိမထားမိဘဲ ဇနီးသည်အပေါ်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ၊ စိတ်ထိခိုက်စရာအပြုအမူတွေလုပ်မိကြပါတယ်။ဒါကြောင့် ဘယ်လို အပြုအမူတွေလဲဆိုတာ သိရှိနိုင်ဖို့ Shwemom ကနေတစ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

မိသားစု၏အသေးအဖွဲ့ကိစ္စများတွင်ပျက်ကွက်ခြင်း

စီးပွားကိုပဲရှာနေရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ အိမ်ရဲ့အသေးအဖွဲ့ကိစ္စလေးတွေကို ဂရုမစိုက်နိုင်ကြပါဘူး။ ဥပမာ အိမ်မှာမိသားစုစုံစုံလင်လင် ညစာစားဖို့ထက် အလုပ်ကိစ္စကြောင့်သော်လည်းကောင်းအကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်က လူတွေနဲ့ ညစာစားဖို့ကအရေးကြီးနေတတ်တာမျိုးတွေကမပြောပလောက်ဘူးဆိုပေမယ့်နွေးထွေးတဲ့ မိသားစုအတွက် အရေးကြီးတဲ့ဂရုစိုက်မှုလေးတွေပါ။ဒီလိုမိသားစုနဲ့ပတ်သက်တဲ့အသေးအဖွဲလေးတွေကို ဂရုမစိုက်ပေးနိုင် တဲ့အပြုအမူတွေဟာ ဇနီးသည်ကိုအကြီးအကျယ် စိတ်ထိခိုက်စေပါတယ်။

ဆိုးရွားမှုတွေအတွက်ကောင်းကောင်းမတုန့်ပြန်နိုင်တာ

သင့် relationshipအတွက် ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး အိမ်ထောင်ရေးသုခပြည့်စုံရေးစသဖြင့်အရေးကိစ္စတွေမှာ စိန်ခေါ်မှု၊ကျရှုံးမှုတွေနဲ့ကြုံတဲ့အခါ ၀မ်းနည်းနေတဲ့ သင့်ဇနီးမှီဖို့ သင့်ပုခုံးက အဆင်သင့်ရှိနေသင့်ပါတယ်။ဒါပေမယ့် ဒီလို အခက်အခဲကြုံတဲ့အချိန်တွေကို ကောင်းကောင်းမဖြေရှင်းနိုင်ဘူးဆိုရင်တော့ သင့်ဇနီးသည်ဟာ ဒီထက်ပိုပြီး စိတ်ထိခိုက် ၀မ်းနည်းနေဖို့ပဲရှိပါတော့တယ်။

မိန်းကလေးတွေက sex ထက် loveကိုပိုပြီးဦးစားပေးကြတဲ့အတွက် သင့်အနေနဲ့သူမကို sex အပြင်သူမစိတ်ပျော်ရွှင် ကြည်နူးနိုင်မယ့်အခြေအနေလေးတွေဖန်တီးပေးသင့်သလို၊သူမကိုချစ်ကြောင်း၊အမြဲတမ်းလိုအပ်နေကြောင်းပွေ့ဖက်ခြင်း၊နမ်းခြင်းစသဖြင့်ကြင်နာယုယမှုတွေလည်းပေးသင့်ပါတယ်။အဲလိုမဟုတ်ရင်တော့  ရေခဲတုံးတစ်တုံးလိုဖြစ်နေတဲ့သင့်ကို သင့်ဇနီးဖြစ်သူက စိတ်ပျက်သွားနိုင်ပါတယ်။

အခြားအရာတွေကို ဦးစားပေးခြင်း

မိန်းကလေးတိုင်း သူတို့ချစ်တဲ့ ခင်ပွန်း၊ချစ်သူရဲ့ ပထမဆုံးဆိုတဲ့နေရာကိုလိုချင်တတ်ကြပါတယ်။အဲဒီမိန်းကလေးတွေထဲမှာ သင့်ဇနီးလည်းတစ်ဦးအပါအ၀င်ဆိုတာ သတိပြုသင့်ပါတယ်။ သင့်အနေနဲ့ မိသားစုနဲ့ သူမကလွဲရင်အခြားအရာတွေ အပေါ်အမြဲတမ်းဦးစားပေးနေမိတာတွေက သင်ဇနီးကို စိတ်ထိခိုက်စေတဲ့အပြုအမူတွေပါပဲ။

သင့်ဇနီးနဲ့သင်နဲ့ကြားမှာ ဘာသာစကားမရှိခြင်း

ဆိုလိုတာက သင်ဘယ်လောက်ချစ်ကြောင်း၊ သူမဟာ သင့်အတွက်ဘယ်လောက်အထိ တန်းဖိုးထားအရေးပါတဲ့ သူဖြစ်ကြောင်းသင့်စိတ်ထဲမှာ ခံယူထားရုံတင်မကဘဲ သူမ သိအောင်လည်းဖွင့်ပြောရပါမယ်။တခါတလေ ဇနီးမောင်နှံတွေ မှာ တစ်အိမ်တည်းအတူနေပြီး စကားမပြောဖြစ်ကြတာတွေဟာ ရေရှည်relationship တစ်ခုပျက်စီးဖို့အလားအလာတွေ ပါ။ဒီလိုအခြေအနေတွေကို သင့်ဇနီးအနေနဲ့  စိတ်ပျော်ရွှင်ကျေနပ်မှုရှိစွာ ခံစားနေရမှာမဟုတ်ပါဘူး။

ref:familyshare.com
www.shwemom.com မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com