Tuesday, October 11, 2016

ခရီးသွားရာတွင် မပါ မဖြစ် ယူသွားရမယ့် အရာများ



အခုဆို လူတိုင်း နားရက်တွေ မှာဆို အပန်းဖြေ ခရီးသွားတာ ခေတ်စား လာပါတယ် ။ ခရီးသွား လုပ်ငန်းတွေ ကလည်း တစ်ရက် ခရီး က စပြီး တစ်ပတ် ဆယ်ရက် ခရီးစဉ် အထိ အချိန်ပေးရင် ပေးသလောက် ခရီးစဉ်တွေ ကို စီစဉ်ပြီး ခရီးသွားချင် သူတိုင်း အဆင်ပြေအောင် ပြုလုပ်ပေးနေကျပါတယ် ။ ခရီးသွား တဲ့ အချိန်တိုင်း အဆင် မပြေ မဖြစ်ရလေအောင် မသွားခင် ကတည်းက လက်လှမ်းမီ သလောက် ကြိုတင်ပြင်ဆင် သင့်ပါတယ် ။ ခရီးသွားတဲ့ အချိန်တိုင်း မပါ မဖြစ် ယူသွားရမယ့် အရာလေး တွေ ကို ဖော်ပြလိုက်ပါတယ် ။

(၁) မသွားခင် ယူသွားမယ် လို့ ကြိုတွေးထားတာကို စာရင်းပြုစုပါ ။
စာရင်း ပြုစု ထားတာက ယူမယ်လို့ စဉ်းစားထားတာတွေကို စုမှတ်ထားပါ ။ မဟုတ်ရင် ကြိုတွေးထားပေမယ့် တကယ်တမ်း ကျတော့ မေ့သွား တတ်လို့ပါ ။ တစ်နေရာမှာ တစ်စု တစ်ဝေးတည်း မှတ်ထားတဲ့ အချိန်မှာ တော်ရုံ ဆို မေ့ကျန်ခဲ့တာမျိုး မဖြစ်နိုင်တော့ပါဘူး ။

(၂) ပေါ့ပေါ့ ပါးပါး အဝတ် အစားများ
ခရီးသွားတဲ့ အချိန်မှာ လှသာ လှပြီး ဝတ်ရတာ သက်တောင့် သက်သာ မရှိတဲ့ အဝတ်တွေ ကို ရှောင်ပါ ။ ပေါ့ပေါ့ ပါးပါး ဖြစ်တဲ့ အဝတ်တွေ ကို သာ ရွေးချယ် ဝတ်ပါ ။ အဝတ်အစား က သွားရ လာရ တာ ခက်ခဲပြီး အဆင် မပြေ ဖြစ်နေတာ မျိုး ဆိုရင် စိတ် ကို ကသိ ကအောင် ဖြစ်စေပြီး ပျော်စရာ ခရီး က ပျော်သင့် သလောက် ပျော်စရာ ကောင်းတော့ မှာ မဟုတ်ပါဘူး ။

(၃) ညှပ်ဖိနပ်
ခရီးသွားရင် အများစု က ဘွတ်ဖိနပ် ၊ အစွပ် ဖိနပ် အစီးများ ကျပါတယ် ။ အပို အလို အနေနဲ့ ညှပ်ဖိနပ် တစ်ရံတော့ ယူသွားပါ ။ ညှပ်ဖိနပ် က ဝတ်ရ ချွတ်ရ လွယ်တော့ ခရီးသွားရင်း ဟိုနား ဒီနား သွား အလွယ်တကူ စီးလို့ ရသလို ၊ ရေချိုးစီး တဲ့ အခါလည်း အဆင်ပြေစေမှာပါ ။

(၄) ပုဝါ အကြီး တစ်ထည်
ပုဝါ ဆိုတာက သုံးရင် သုံးတတ် သလောက် အသုံး ဝင်တဲ့ အရာလေး တစ်ခု ပါပဲ ။ တကယ်လို့ ကားစီးတဲ့ အချိန် ချမ်းရင် စောင်လို ခြုံထားလို့ ရသလို ၊ ခရီးလမ်းမှာ နေပူ ၊ လေတိုက်တဲ့ အချိန်မှာလည်း အလွယ်တကူ အသား အရေ မပျက်စီးအောင် ခြုံပြီး ကာကွယ်လို့ ရပါတယ် ။ ခရီးသွားတဲ့ အချိန် အလွယ်တကူ ထုတ်သုံး လို့ ရနိင်မယ့် နေရာမှာ ပုဝါ တစ်ထည် ကို ဆောင်ထားလိုက်ပါ ။

(၅) သောက်ရေဗူး
လမ်ခရီးမှာ က ပုံသေ တွက်ဆလို့ မရပါဘူး ။ အကြောင်းကြောင်း ကြောင့် ထင်သလို မဖြစ်လာတဲ့ အခြေ အနေမှာ ရေ က အရေးအကြီးဆုံး ပါ ။ ထမင်း အသက် ၇ ရက် ၊ ရေ အသက် တစ်မနက် ဆိုတဲ့ အတိုင်း ရေကတော့ နေ့စဉ် လူနေမှု ဘဝ မှာ မရှိ မဖြစ် အရေးပါ အရာ အရောက်ဆုံး အရာ တစ်ခု ပါပဲ ။

(၆) မျက်လုံးကာ ပစ္စည်း (Eye mask)
အကယ်၍ သင် က အလင်းရောင် ကြားမှာ မအိပ်တတ်တဲ့ သူဆိုရင် မျက်လုံးကာ ပစ္စည်း ကို မပါ မဖြစ် ဆောင်သွားပါ ။ အများနဲ့ သွားတာမျိုးတို့ မှာ က တချို့ က ညဆိုရင်တောင်မှ မိုးဖွင့်ပြီး အိပ်တတ်တဲ့ အကျင့် ရှိတော့ ကိုယ်က မီးအလင်း ရောင်ကြောင့် အိပ်လို့ မရ ဖြစ်နိုင်ပါတယ် ။ လမ်းခရီးမှာ သွားလာရင်း ဖြစ်ဖြစ် ခဏ တစ်ဖြုတ် အိပ်ချင်သည့် အချိန်မှာလည်း မျက်လုံးကာ ပစ္စည်းလေး ပါနေတဲ့ အတွက် အဆင်ပြေစေမှာပါ ။

(၇) ဖုန်း ၊ လမ်ညွှန် စာအုပ် တစ်ခုခု ပါအောင် ယူသွားပါ ။
သွားမယ့် နေရာ က တစ်ခါမှ မရောက်ဖူးတဲ့ နေရာ ဖြစ်ခဲ့သော် လမ်းမှား တာမျိုး ၊ အခက် အခဲ တွေ့တာမျိုး ဖြစ်တဲ့ အချိန် ဖုန်းပါရင် အလွယ် တကူ အဆက် အသွယ် ရှာနိုင်ပါတယ် ။ ခေါင်လွန်းပြီး ဖုန်းလိုင်း မမိ တဲ့ နေရာမျိုး အတွက်ကတော့ လမ်ညွှန်စာအုပ် က မပါမဖြစ် လိုအပ် လာပါတယ် ။ တစ်ခုခု အရေးပေါ် လိုအပ် လာသည်ရှိ တခြားသူ များနဲ့ အဆက် အသွယ် ပြုလုပ်နိုင်မယ့် အရာ တစ်ခုခု ကို သယ်ဆောင်သွားပါ


ayesay မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com