Friday, October 28, 2016

ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားခြင်း



အဆိပ်ထုတ်ခြင်းကို ဘဝမှာ တစ်ခါလောက်ပဲ လုပ်ရတဲ့အရာလို့ အများစုက သိနားလည်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ ခန္ဓာကိုယ်ကို နေ့စဉ် ပုံမှန် အဆိပ်ထုတ်ဖို့အတွက် မလုပ်ရဘူးဆိုတာ မရှိပါဘူး။ တကယ်တော့ ဒီအကြောင်းအရာဟာ ယုတ္ထိတန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ နေ့စဉ် အဆိပ်အတောက်နဲ့ တူတဲ့ အစားအစာတွေကို စားသုံးနေတာကြောင့် ဖြစ်ပါတယ်။ အဆိပ်အတောက် ဖယ်ရှားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာမှာ အဆိပ်တွေ အများကြီး စုပုံပြီး ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တာပဲ ဖြစ်ပါတယ်။ နေ့စဉ် ပုံမှန် အဆိပ်ထုတ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ဟာ ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်ကောင်းပြီး ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။

ရေများများသောက်ပါ။ ရေဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေအတွက် အရမ်းကို လိုအပ်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ရေဟာ သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေ အများကြီး ပါဝင်တဲ့ အညစ်အကြေးတွေ စွန့်ထုတ်တဲ့နေရာမှာ ကူညီပေးပါတယ်။ ရေသောက်သုံးခြင်းဟာ သင့်ရဲ့ အစာအိမ် နဲ့ အူလမ်းကြောင်းကို ကောင်းမွန်အောင် ကူညီလုပ်ဆောင်ပေးတာကြောင့် သင် သန့်စင်ခန်းတစ်ခါသွားတိုင်း သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ထွက်သွားတယ်လို့ မှတ်ယူပါ။

ခြောက်သွေ့တဲ့ ရေမြှုပ်တစ်ခုကို ယူပြီး သင့်ခန္ဓာကိုယ်ရဲ့ အစွန်ဖျား အကျဆုံးနေရာ ဥပမာ ခြေထောက်ကနေ စပြီး ပွတ်တိုက်ပါ။ ဒီလို ပွတ်တိုက်တာဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေကို ဖြစ်ပေါ်စေတာကြောင့် ရေမချိုးခင် မနက်ပိုင်းမှာ ပြုလုပ်သင့်ပါတယ်။ အရေပြားဟာ လူ့ခန္ဓာကိုယ်မှာ အကြီးဆုံး အင်္ဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ပွတ်တိုက်ခြင်းဟာ သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ထုတ်ပေးပါတယ်။

အဆိပ်ထုတ်ပေးတဲ့ လက်ဖက်ရည်ကို သောက်ပါ။ လက်ဖက်စိမ်းအပြင် ကိုယ်ခန္ဓာကို သန့်စင်ပေးတဲ့ ရေနွေးတွေ အများကြီး ရှိပါတယ်။ တကယ်လို့ တစ်မျိုးတည်း သောက်ရတာ ပျင်းလာရင် အဆိပ်ထုတ်ပေးတဲ့ အာနိသင်ပါဝင်ပြီး အရသာကွဲပြားတဲ့ တိုင်းရင်းဆေးလက်ဖက်ရည်ကို ပြောင်းလဲ သောက်သုံးနိုင်ပါတယ်။ သင် ကြိုက်တဲ့ အမျိုးအစားအပေါ် မူတည်ပြီး ပြောင်းလဲ သောက်သုံးနိုင်ပါတယ်။ အိပ်စက်ခြင်းကို ကောင်းမွန်စေတဲ့ လက်ဖက်ရည် ၊ အားအင်ကို တိုးစေတဲ့ လက်ဖက်ရည် ၊ အသည်းကို သန့်စင်ပေးတဲ့ လက်ဖက်ရည် နဲ့ စိတ်သက်သာရာ ရစေတဲ့ လက်ဖက်ရည် အစရှိသဖြင့် အများကြီး ရှိပါတယ်။

နေ့စဉ် diet မှာ Superfood ကို ထည့်သွင်းစားသုံးပါ။ Superfood လို့ ပြောလိုက်တာနဲ့ ဆိုင်ကြီးကနားကြီးမှာ စားရမယ်လို့ မဆိုလိုပါဘူး။ သင် စားတဲ့ အစာတိုင်းမှာ superfood ကို ထည့်သွင်းစားသုံးဖို့ လိုပါတယ်။ Superfood ဟာ ကိုယ်တွင်းရှိ အဆိပ်အတောက်ကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အစားအစာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မနက်စာမှာ antioxidants ဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးမျိုးကို ထည့်သွင်းစားသုံးပါ။ နေ့လည်စာမှာ phytonutrients တွေ ရရှိဖို့အတွက် ဟင်းနုနွယ်ကို ထည့်သွင်းစားသုံးပါ။ ညစာမှာတော့ အရသာရှိပြီး ကိုယ်တွင်းဇီဝစနစ်ကို မြှင့်တင်ဖို့အတွက် ကို စားသုံးပါ။ အစားအစာတွေကို ဒီအမျိုးအစားအတိုင်း နေ့စဉ် စားစရာ မလိုပါဘူး။ မိမိစိတ်ကြိုက် ပြောင်းလဲစားသုံးနိုင်ပါတယ်။ Detoxifying foods လို့ အင်တာနက်မှာ ရှာကြည့်လိုက်ရင် ဒီထက် ရွေးချယ်စရာပိုများတဲ့ အစားအစာတွေကို တွေ့နိုင်ပါတယ်။

သင် အိပ်ပျော်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ဟာ သူ့ကိုယ်သူ သန့်စင်ပါတယ်။ မနက်အစောပိုင်းမှာ အသည်းက ညစ်ပတ်တဲ့အရာတွေအားလုံးကို ရှင်းထုတ်လိုက်ပါတယ်။ မအိပ်ပဲ ညလုံးပေါက်သွားတာ  ဒါမှမဟုတ် ရုပ်ရှင်ကြည့်ဖို့အတွက် ညမအိပ်တာတွေဟာ ညဘက်မှာ ပြုလုပ်တဲ့ ဇီဝစနစ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မနက်စောစောထပါ။ ကိုယ်ခန္ဓာက အညစ်အကြေး စွန့်ထုတ်နေကျ ပုံမှန်အချိန်မှာ အိပ်ရတာဟာ သက်တောင့်သက်သာ ရှိမှာမဟုတ်ပါဘူး။ မနက်ပိုင်း ကျင်ကြီးစွန့်ချင်တဲ့ အချိန်မှာ မသွားဖြစ်တာ ဒါမှမဟုတ် ဆီးသွားချင်တာကို အောင့်ထားတာတွေ ပြုလုပ်မယ်ဆိုရင် အဆိပ်အတောက်ကို ခန္ဓာကိုယ်က ပြန်စုပ်ယူသွားနိုင်ပါတယ်။

အော်ဂဲနစ်အစားအစာတွေကို စားသုံးသင့်တဲ့ အဓိကအကြောင်းရင်းကတော့ သာမန်ထက် ဗီတာမင် နဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်တာကြောင့် မဟုတ်ပါဘူး။ သူ့မှာ ဓာတုပစ္စည်း နဲ့ လူလုပ်ကုန်ကြမ်းတွေ ဖြစ်တဲ့ High Fructose Corn Syrup တို့ မပါဝင်တာကြောင့် ဖြစ်ပါတယ်။ သာမန်အစားအစာထက် အော်ဂဲနစ်အစားအစာကို ရွေးချယ်စားသုံးခြင်းဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ က အစားအစာကို ပြန်လည်စားနေရသလို ပိုးသတ်ဆေးနံ့ ကင်းပြီး လတ်ဆတ်မှု ရှိပါတယ်။

သင် ရှောင်ကျဉ်ရမယ့် အဓိကအချက်ကတော့ သင့်ခန္ဓာကိုယ်ကို  အဆိပ်အတောက်ရှိတဲ့ ခန္ဓာကိုယ်အဖြစ်သို့ ပြန်မရောက်သွားအောင် အကျင့်ဆိုးတွေကို ထိန်းသိမ်းထားဖို့ပါပဲ။ ပြန်လည်ပြုပြင်ထားသော သကြား ၊ fast food ၊ အချိုမှုန့် တွေကို ရှောင်ကျဉ်ပြီး သင့်ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာများကို စားသုံးပါ။ သင့်ရဲ့ အကျင့်ဆိုးတွေကို တစ်နေကုန် ပြန်လုပ်နေတယ်ဆိုရင် အဆိပ်ထုတ်တာဟာလည်း အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။ ဥပမာပြောရရင် အိမ်မှာ လက်ဖက်စိမ်း သောက်ပြီး အပြင်ထွက်တဲ့အခါ KFC စားလိုက်တဲ့အခါ ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com