Friday, October 14, 2016

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ကိုယ်တိုင်လုပ် ငရုတ်ဆီ သောက်ပြတဲ့ သူ



တရုတ်နိုင်ငံ Sichuan စီရင်စု ၊ Neijiang မြို့မှာ က အကင်ဆိုင် ပိုင်ရှင် ပါ ။ ငရုတ်ဆီ ကို ပြုလုပ်ပုံ အဆင့်ဆင့် ကို တစ်ဆင့်ချင်း လုပ်ပြပြီး သူ့ပစ္စည်း ရောင်းအားကောင်းအောင်လို့ သူကိုယ်တိုင် သောက်ပြခဲ့ပါတယ် ။ အဲ့လို သောက်ပြတာ ကို ဗီဒီယို ရိုက်ပြခြင်းအားဖြင့် အွန်လိုင်းပေါ်မှာ လူသိများပြီး ပိုနာမည်ကြီးလာမည် လို့ ယုံကြည်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ဆေးရုံ ရောက်သွားခဲ့ပါတယ် ။ အသက်တော့ မသေခဲ့ပေမယ့် ဆေးရုံ ၂ ပတ်တက်လိုက်ရပါတယ် ။

သူကိုယ်တိုင် ငရုတ်သီးကို မီးကင် ဆီထုတ်တယ် ။ မီးနဲ့ကြိုပြီး သောက်ပြတယ် ။ ငရုတ်သီးတွေ ကို ကြိတ်ပြီး အရည်ဖျော သောက်ပြသလို ငရုတ်သီးကနေ လုပ်ပြီး ရတဲ့ ငရုတ်ဆီ ကိုလည်း သောက်ပြ ပါတယ် ။ ငရုတ်သီး ချည်း သက်သက် ကို အမျိုးစုံ လုပ်ပြီး သောက်ပြ တာပါ ။ သူကတော့ သူ့ပစ္စည်း ရောင်းအောင်ပြီး နာမည် ကြီးအောင် ၊ သူ့ဗီဒီယို လူကြိုက်များအောင် လုပ်ခဲ့ပေမယ့် သေကံ မရောက်လို့ သာ သက် မပျောက်ခဲ့တာပါ ။ အရာရာတိုင်း တရားလွန်လုပ်ပြတာက ကောင်းတာမျိုး မဟုတ်ပါဘူး ။

ayesay မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com