Friday, October 14, 2016

မိဘများ သင်္ချာညံ့လျှင် သားသမီးများလည်း သင်္ချာညံ့တတ်





  ဂဏန်းသင်္ချာ တွက်ရတော့မည် ဆိုလျှင် ချွေးစေးများ ပြန်လာပါက ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ မိဘများကိုအသာ အပြစ်တင်ပါဟု ပညာရှင်များက ပြောဆိုလိုက်ပြီ ဖြစ်သည်။

သင်္ချာဆိုင်ရာ စွမ်းရည်မိဘများမှ သားသမီးများကို လက်ဆင့်ကမ်းတတ်ကြောင်း လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။ သင်္ချာတော်သော မိဘများကြောင့် သားသမီးများလည်း သင်္ချာတော်တတ်ကြောင်း လေ့လာတွေ့ရှိခဲ့ပြီ ဖြစ်သည်။

ပစ္စဘာ့တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် သင်္ချာဆိုင်ရာ စွမ်းရည်သည် မိဘများမှ သားသမီးများထံသို့ ကူးစက်တတ်ခြင်း ရှိမရှိကို လေ့လာခဲ့သည်။ ပညာရှင်များသည် အသက်ငါးနှစ်မှ ရှစ်နှစ်ကြား ကလေး (၅၄)ဦးနှင့် အထက်တန်းကျောင်း အောင်မြင်ထားသည့် မိဘ(၅၁) တို့ ကို လေ့လာခဲ့ခြင်း ဖြစ်သည်။

တွက်ချက်နိုင်စွမ်းကို သိရှိစေရန် အတွက် ကလေးများအား သင်္ချာပုစ္ဆာသုံးပုဒ်ကို တွက်ချက်စေခဲ့သည်။ ထို့ပြင်မိဘများအား သင်္ချာတစ်ပုဒ်စီ တွက်စေခဲ့သည့် အပြင် ကလေးများ သင်္ချာတော်ရန် လိုအပ်ပုံနှင့် ပတ်သက်ပြီး မေးခွန်းများ မေးမြန်းခဲ့သည်။ မိဘများ၏ သင်္ချာဆိုင်ရာ စွမ်းဆောင်ရည်နှင့် သားသမီးများ သင်္ချာဆိုင်ရာ စွမ်းဆောင်ရည်တို့ကြား ဆက်စပ်နေပုံကို လေ့လာတွေ့ ရှိခဲ့သည်။

မိဘများ၏ သင်္ချာအပေါ် ထားရှိသည့် အမြင်နှင့် ဆရာများက စာသင်ခန်းတွင်း သင်ကြားပုံများက ကလေးများ သင်္ချာထူးချွန်မှုရှိ မရှိအပေါ် ကြီးမားသော သက်ရောက်မှု ရှိနေကြောင်း တွေ့ရှိခဲ့သည်ဟု လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဒေါက်တာ မဲလစ်ဆာ လစ်ဘားတပ်စ်က ပြောဆိုခဲ့သည်။

Source:DM

messengernewsjournal မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com