Thursday, October 13, 2016

ဘဝတွင် ထားရှိအပ်သော လူမှုဆက်ဆံရေးဆိုင်ရာ စည်းမျဉ်းဘောင်များ

 

၁။ တစ်ဖက်လူအပေါ် ယုံကြည်သင့်သလောက်သာ ယုံကြည်တတ်ခြင်း။

၂။ လူတစ်ယောက်ကို အကြောင်းမသိဘဲ တရင်းတနှီးဆက်ဆံတာထက် ရင်းနှီးမှုကို ဖြေးဖြေးချင်း အရင်တည်ဆောက်တတ်ခြင်း။

၃။ အခြားသူတွေအပေါ် အာရုံမများဘဲ ကိုယ့်အကြောင်းကိုသာ ရှေးရှုတတ်ခြင်း။

၎။ ကိုယ့်ဂုဏ်သိက္ခာတွေကို ထိပါးစော်ကားလာတာမျိုး ခွင့်မပြုခြင်း။

၅။ ကိုယ့်ဆန္ဒမပါဘဲ ဘာကိုမှ လက်မခံခြင်း။

၆။ ကိုယ်တန်ဖိုးထားရာ အရာများကို အခြားသူတစ်ယောက်က ထိပါးလာတာကို လက်မခံခြင်း။

၇။ တစ်ဖက်လူစိတ်ဝင်စားမှုကို လေ့လာပြီးမှ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပြောဆိုတတ်ခြင်း။

၈။ ကိုယ့်ဘဝအတွက် တစ်သက်လုံး လက်တွဲလို့ရလောက်တဲ့ သူဟုတ်၊မဟုတ် ဆုံးဖြတ်တတ်ခြင်း။

၉။ လူတစ်ယောက်ကို ရေရေရာရာမသိဘဲ ကိုယ့်အကြောင်းတွေကို ထုတ်ဖော်မပြောဆိုတတ်ခြင်း။

၁ဝ။ အပြုအမူပိုင်းဆိုင်ရာမှာ ဆင်ဆင်ခြင်ခြင်ရှိခြင်း။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၁။ ကိုယ့်လုပ်ရပ်တွေ၊ ဖြစ်တန်စွမ်းတွေကို အကြွင်းမဲ့ ယုံကြည်ခြင်း။

၁၂။ လူတွေရဲ့ထောက်ခံမှုထက် အမှန်တရားအတိုင်းလုပ်ဆောင်တတ်ခြင်း။

၁၃။ ကိုယ်ဘာလိုချင်လဲဆိုတာကို ပြတ်ပြတ်သားသားသိပြီး ကိုယ်လိုချင်တာကို ရအောင် ယူတတ်ခြင်း။

၁၄။ ကိုယ့်ရဲ့ စေတနာကို အလွဲသုံးစားလုပ်မယ့်သူတွေကို ရှောင်ကြဉ်တတ်ခြင်း။

၁၅။ ကိုယ့်စိတ်ထဲမှာ ရှိနေတာတွေကို တစ်ဖက်လူနဲ့ ပွင့်လင်းစွာ ထုတ်ဖော် ညှိနှိုင်းတတ်ခြင်း။

၁၆။ အခြားသူတွေရဲ့စေတနာကို ကိုယ်ကျိုးအတွက် အလွဲသုံးစား မလုပ်တတ်ခြင်း။

၁၇။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ခြင်း။

၁၈။ တစ်ဖက်လူကိုယ့်ကို နှစ်သက်စေဖို့ထက် ကိုယ့်စိတ်ထဲကတကယ်ပါမှ ပေးတတ် ယူတတ်ခြင်း။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေ အတွက်လည်း Share လိုက်ပါ။

www.gandawin.net  မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com