Tuesday, October 11, 2016

ရက် ၃ဝ အတွင်း သားသားမီးမီးတွေအတွက် စံပြမေမေတစ်ယောက်ဖြစ်စေဖို့

 
Day 1- ဒီရက် ၃ဝအတွင်းမှာ သင့်ကလေးနဲ့အတူ လုပ်ဆောင်နိုင်မယ့်အလုပ်တစ်ခုကို သတ်မှတ်ပါ။

Day 2- ဒီတစ်နေ့လုံး သင့်ကလေးကို မဆူမငေါက်မိအောင် ကြိုးစားပါ။

Day 3- ဒီနေ့မှာ သင့်ကလေးငယ်ကို အနည်းဆုံး ၃ကြိမ် ပွေ့ဖက်ပါ။

Day 4- ဒီနေ့ည သင့်ကလေးအိပ်နေတဲ့အချိန်မှာ နမ်းဖြစ်အောင်နမ်းပါ။
Day 5- သင့်ကလေးငယ်ကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

Day 6- သင့်ကလေးကြိုက်တဲ့ အစားအစာလေးတွေကို ကိုယ်တိုင်လုပ်ကျွေးပါ။

Day 7- ဒီနေ့တစ်နေ့လုံး သင့်ကလေးငယ်ကို ချိုသာတဲ့ အကြင်နာစကားလေးတွေနဲ့ ပြောဆိုဆက်ဆံပါ။

Day 8- ဒီနေ့ကနေစပြီး သင့်ကလေးဘွဲ့ရတဲ့အချိန်အထိ ရက်သတ္တပတ်ဘယ်နှပတ် ဖြတ်သန်းရဦးမလဲဆိုတာကို တွက်ချက်ပါ။

Day 9- သင့်ငယ်ဘဝကို ပြန်တွေးပြီး အဲဒီအချိန်တုန်းက သင်ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ပြန်စဉ်းစားပါ။

Day 10- ဒီနေ့တစ်နေ့လုံး ပျော်ရွှင်ဖို့အတွက်ပဲ အာရုံစိုက်ပါ။

Day 11- သင့်ကလေးငယ်ကို သင့်ရဲ့ ရင်သွေးအဖြစ် မွေးဖွားလာပေးလို့ ဝမ်းသာကြောင်း ပြောပြပါ။

Day 12- သင့်ကလေးရဲ့ ဉာဏ်ပညာကြီးမားစေဖို့ ဆုတောင်းပေးပါ။

Day 13- ဒီနေ့တစ်နေ့လုံး သင့်ကလေး ဘာလုပ်လုပ် အပြစ်မတင်ပါနဲ့။

Day 14- မိခင်ဖြစ်ရတာဟာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလို့ မှတ်ယူပါ။

Day 15- ဒီနေ့မှာတော့ စည်းကမ်းတင်းကြပ်သင့်သလောက် တင်းကြပ်ပါ။ အလွန်အကျွံကြီး မတင်းကြပ်ပါနဲ့။

Day 16- သင့်ရင်သွေးရဲ့ အသက် ၂၅နှစ်အရွယ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။

Day 17- ဒီနေ့မှာ သင့်ကလေးနဲ့အတူ ပျော်ရွှင်စွာ ရယ်မောပါ။

Day 18- သင်လေးစားအားကျရတဲ့ မိခင်တစ်ယောက်ရဲ့ အရည်အချင်းတွေကို ချရေးပါ။ အဲဒီအရည်အချင်းတွေထဲက တစ်ခုလောက်တော့ လိုက်လုပ်ကြည့်ပါ။

Day 19- သင့်ကလေးကိုယ်တိုင် လုပ်နိုင်လောက်မယ့်အလုပ်တစ်ခုခုကို ခိုင်းစေပါ။

Day 20- ဒီနေ့တစ်နေ့လုံးကို စိတ်ရှည်သည်းခံမှုတွေနဲ့ ကျော်ဖြတ်ပါ။

Day 21- အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်မိရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။

Day 22- သင့်ကလေးငယ်ရဲ့ စိတ်ထဲမှာ သင်ကဘယ်လိုမိခင်မျိုးဖြစ်ချင်ပါသလဲ။ အဲဒီမိခင်လိုမျိုးဖြစ်အောင် ကြိုးစားပါ။

Day 23- ကလေးကို ပြောနေကျ ခြိမ်းခြောက် စကားတွေအစား ကြင်နာတဲ့စကားလေးတွေ ပြောပေးပါ။

Day 24- ဒီနေ့တစ်နေ့လုံး သင့်ရင်သွေးစကားပြောနေချိန်မှာ ဖြတ်မပြောပါနဲ့။

Day 25- သင့်ကလေးငယ်ရဲ့ အတွေးအမြင်တွေကို မေးမြန်းပါ။

Day 26-  ဒီနေ့မှာ သင့်ရင်သွေးကို စိတ်ဓာတ်ခွန်အားပေးစကားလေးတွေ ပြောပေးပါ။

Day 27- ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် လမ်းလျှောက်တာမျိုး၊ သစ်သီးအနည်းငယ်စားတာမျိုး၊ အိပ်ရေးဝဝအိပ်တာမျိုးလုပ်ပါ။

Day 28- ဒီနေ့မှာ သင့်ကလေးငယ်ကို စကားလုံးအသစ်တွေကို သင်ပေးပါ။

Day 29- သင့်ရင်သွေးနဲ့ အတူရှိနေချိန်မှာ ဖုန်းတွေ၊ ကွန်ပျူတာတွေကို ပိတ်ထားပါ။

Day 30- ဒီနေ့တစ်နေ့လုံးကိုတော့ ချစ်ခြင်းမေတ္တာတွေ ပေးဖို့အတွက်ပဲ အာရုံစိုက်ထားပါ။

အထက်ပါ အစီအစဉ်လေးအတိုင်းလိုက်လုပ်ရင်း ရက် ၃ဝပြည့်သွားတာနဲ့ သင်နဲ့ သင့်ကလေးကြားမှာ ရင်းနှီးချစ်ခင်မှုတွေ တိုးပွားလာပြီး အားလုံးက လေးစားအားကျရတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲရှင်။

မိခင်ကောင်းပီသချင်တဲ့ ဂန္ထဝင်ပရိသတ်မေမေတွေ SHARE ထားဖို့မမေ့နဲ့နော်။

http://www.gandawin.net မှ ကူးယူဖော်ပြသည်
www.myanmarkidworld.com