Sunday, October 16, 2016

ဒီလိုလုပ်ငန်းမျိုး လုပ်ကိုင်သူတွေ ဖောက်ပြန်နိုင်ခြေအများဆုံးဟု ဆို


  အိမ်ထောင်ရေးဖောက်ပြားမှု ခုံမင်နှစ်သက်သူတွေဟာ ဘဏ်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ပွဲစားတွေလို့ လေ့လာမှုအရသိရပါတယ်။ သူတို့တွေဟာ လေယာဉ်မှူးနဲ့ လေယာဉ်မယ်၊ ဆရာဝန်နဲ့ သူနာပြုတွေထက် အိမ်နဲ့ကင်းကင်းကွာကွာနေဖို့ အခွင့်အလမ်းအများဆုံးလို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။

ယင်းတွေ့ရှိချက်တွေဟာ အမျိုးသမီး ၅,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူရာကနေ သိရှိခဲ့တာဖြစ်ပါတယ်။ သစ္စာမရှိတဲ့ အမျိုးသမီး ၃ယောက်မှာ ၂ ယောက်က လုပ်ငန်းခွင်မှာ ဖောက်ပြန်ကြတယ်လို့ ယင်းစစ်တမ်းက ဆိုပါတယ်။ လုပ်ငန်းခွင်ဟာ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ဖို့ အလွယ်ကူဆုံးနေရာလို့ အိမ်ထောင်ရေးဖောက်ပြားသူတွေက ပြောဆိုခဲ့ကြပါတယ်။

လုပ်ငန်းခွင်မှာ တရားမဝင် တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းတွေ အများဆုံးဖြစ်ကြောင်း စစ်တမ်းကောက်ခံထားရတဲ့ အမျိုးသမီး ၇၀% နီးပါးက ဆိုပါတယ်။ အလုပ်နဲ့ အပျော်အပါးရောထွေးပြီး လုပ်ငန်းဆောင်ရွက်မှု အဟန့်တားဖြစ်မှာကြောက်ပြီး ၁၀% က အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အာရုံစူးစိုက်လုပ်ဆောင်ကြပါတယ်။

အိမ်ထောင်ဖောက်ပြန်သူအများစုက လုပ်ငန်းနဲ့ အပျော်အပါးရောထွေးမှု ရှောင်ရှားကြပါတယ်။ ဒီလိုလုပ်ဆောင်တာ ဘာကြောင့်များလဲဆိုတော့  လုပ်ငန်းကိုထိခိုက်မှာစိုးလို့တော့ မဟုတ်ပါဘူး။ လူတွေ ရိပ်မိခံရမှာ ထိတ်လန့်နေလို့ သို့မဟုတ် အနေရခက်မှာ စိုးရိမ်ကြလို့ပဲ ဖြစ်ပါတယ်။

ဖောက်ပြန်မှုအများဆုံး ထိပ်တန်းအလုပ် (၁၀) ခုမှာတော့

၁။ ငွေစာရင်း (ဘဏ်လုပ်ငန်းလုပ်ကိုင်သူ၊ ပွဲစား…)

၂။ လေယာဉ်မောင်း (လေယာဉ်မှူး၊ လေယာဉ်မယ်၊ လေယာဉ်အရာရှိ…)

၃။ ကျန်းမာရေးစောင့်ရှောက်မှု (ဆရာဝန်၊ သူနာပြု၊ အကူသူနာပြု…)

၎။ စီးပွားရေးလုပ်ငန်း (စီအီးအို၊ မန်နေဂျာ၊ အတွင်းရေးမှူး…)

၅။ အားကစား (အားကစားသမား၊ ဆရာ/နည်းပြ၊ ကိုယ်စားလှယ်…)

၆။ အနုပညာ (တေးဂီတပညာရှင်၊ မော်ဒယ်လ်၊ သရုပ်ဆောင်၊ ဓာတ်ပုံဆရာ…)

၇။ ညဘက်လုပ်ငန်း (DJသမား၊ ကချေသည်၊ စားပွဲထိုး…)

၈။ သတင်းနဲ့ ဆက်သွယ်ရေး (စာနယ်ဇင်းသမား…)

၉။ ဥပဒေရေးရာ (ရှေ့နေ၊ အစိုးရရှေ့နေ၊ တရားသူကြီး…)

၁၀။ အခြားကဏ္ဍတွေ လို့ သိရပါတယ်။

Ref: Mirror
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com