Monday, October 17, 2016

အိမ်မှုကိစ္စလုပ်ခြင်းကနေရရှိနိုင်မယ့် မမျှော်လင့်ထားတဲ့ကျန်းမာရေးကောင်းကျိုးများ

အိမ်မှုကိစ္စတွေဟာ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ ဝေယျာဝစ္စအလုပ်တွေဖြစ်ပေမယ့် အဲဒီအလုပ်တွေလုပ်ခြင်းကနေ မမျှော်လင့်ထားတဲ့ကျန်းမာရေးကောင်းကျိုးတွေရနိုင်ပါတယ်။ပျော်ရွှင်မှုကိုခံစားရခြင်း၊စိတ်ဖိစီးမှုလျော့ကျခြင်း၊ခနာကိုယ်ရောဂါခုခံအားစနစ်ကောင်းမွန်ခြင်းစတဲ့ကောင်းကျိုးရလဒ်တွေအပြင် တခြားကျန်းမာရေးကောင်းကျိုးတွေလည်းခံစားရမှာပါ။

အိပ်ယာပြင်ဆင်ခြင်း

သုတေသနလေ့လာမှုများအရမနက်စောစောအိပ်ယာခေါက်သိမ်းပြုလုပ်တတ်တဲ့သူတွေအနေနဲ့သူတို့ရဲ့အာရုံခံစနစ်ပိုမိုကောင်းလာတာကိုတွေ့ရပြီး အသေးအဖွဲလေးတွေကအစ သတိထားမိတဲ့ ခံစားမှုကိုပါရရှိစေတယ်လို့ဆိုပါတယ်။ဒါ့အပြင် အိပ်ယာကိုဖရိုဖရဲထားတတ်တဲ့သူတွေအနေနဲ့သူတို့ရဲ့တစ်နေ့တာမှာမလိုအပ်ဘဲစိတ်ဖိစီးမှုတွေခံစားရလေ့ရှိတယ်လို့လည်း သုတေသနစစ်တမ်းတွေမှာဖော်ပြထားပါတယ်။

အိမ်ခြံဝန်းသန့်ရှင်းရေးလုပ်ခြင်း

အိမ်ခြံဝန်းသန့်ရှင်းရေးလုပ်ခြင်းကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတို့ဖြစ်နိုင်ချေ၃၀ရာခိုင်နှုန်းအထိလျော့ကျစေပါတယ်။ခြံဝန်းထဲက မြက်ပင်၊မြက်ရိုင်းတွေကိုဖယ်ရှားရှင်းလင်းတဲ့အခါခနာကိုယ်ကနေတစ်နေ့တာလန်းဆန်းတက်ကြွမှုကိုဖြစ်စေတဲ့ဇီဝဓာတ်တွေကိုထုတ်လွှတ်ပေးတဲ့အတွက်ကြောင့်လည်းစိတ်အပန်းဖြေမှုနဲ့ ပျော်ရွှင်မှုကိုခံစားရစေမှာဖြစ်ပါတယ်။အကြောင်းကတော့ဒီလုပ်ငန်းတွေဟာကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေပြီးချွေးထွက်မောပန်းမှုကြောင့်ရေသောက်သုံးရာကနေ ခနာကိုယ်အတွက် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။

အိုးခွက်ပန်းကန်များဆေးကြောခြင်း

ဦးနှောက်နဲ့အာရုံရဲ့စွမ်းဆောင်ရည်တွေကို၃၀ရာခိုင်နှုန်းနီးပါး လျော့ကျစေတဲ့အတွက်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောင်းကျိုးများရရှိခံစားရမှာဖြစ်ပါတယ်။စိတ်ငြိမ်ခြင်းနဲ့အာရုံစူးစိုက်နိုင်ခြင်းတို့ကအိုးခွက်ပန်းကန်တွေအပေါ်မှာဆပ်ပြာ၊ရေအပူချိန်တို့နဲ့ ဟန်ချက်ညီထိတွေ့ပွတ်တိုက်စေတဲ့အတွက်ရရှိတဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။

ရေချိုးခန်းသန့်ရှင်းရေးလုပ်ခြင်း

ခနာကိုယ်သန့်ရှင်းရေးအတွက် ရေချိုးသန့်စင်ကြသလို ရေချိုးခန်းသန့်ရှင်းရေးကိုလည်းအနည်းဆုံး နှစ်ပတ်တစ်ခါလောက်လုပ်ပေးသင့်ပါတယ်။ရေချိုးခန်းဟာ ဘက်တီးရီးယားတွေ ပေါများစွာပေါက်ဖွားတဲ့နေရာပဲဖြစ်ပါတယ်။ရေချိုးခန်း၊အိမ်သာနဲ့ တခြား ရေချိုးခန်းသုံးပစ္စည်းများကိုစနစ်တကျပုံမှန်သန့်ရှင်းပေးခြင်းအားဖြင့်မှိုနဲ့ဘက်တီးရီးယားပေါက်ဖွားမှုကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့သစ်ပင်ပန်းမန်များစိုက်ပျိုးခြင်း

သစ်ပင်စိုက်ပျိုးခြင်းဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစိးမှုတွေကိုလျော့ကျစေပါတယ်။ ဒီလိုသစ်ပင်ပန်းမန်စိုက်ပျိုးခြင်းအတွက် တစ်ပတ်ကို ခြောက်နာရီပုံမှန်အချိန်ပေးလုပ်ကိုင်တဲ့သူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေ သိသိသာသာလျော့နည်းလာပြီး လအနည်းငယ်ကြာတဲ့အခါ ဒီလိုဖြစ်နိုင်ခြေ ကအဆုံးသတ်သွားနိုင်တယ်လို့လည်း သိရပါတယ်။

www.shwemom.com မှကူးယူဖော်ပြပါသည်။
ref:lifehack.com