Thursday, October 13, 2016

သာမန်ကလေးတွေထက် ဆံပင်ပိုကောင်းခဲ့တဲ့ ကလေးများ



(၁) Mae Perrott
Mae ကတော့ နှစ်လသမီးအရွယ်ဖြစ်ပါတယ်။ ဆံပင်အထူးသန်စွမ်းစေတဲ့ Voluminous Barnet ထူးဆန်းတဲ့ ရောဂါ
တစ်မျိုးနဲ့ မွေးဖွားလာခဲ့လို့ သာမန်လူတွေထက် သုံးဆလောက် ဆံပင်ကောင်းတယ်လို့ ဆိုပါတယ်။

(၂) Sophie Winstone
အင်္ဂလန် ဘရစ္စတိုးမြို့သူလေး Sophie ကလည်း အသက် (8)ပတ်သာ ရှိသေးပေမယ့် ထူးခြားတဲ့ ဆံကေသာသန်စွမ်းမှုကို ပိုင်ဆိုင်ထားပါတယ်။

(၃) Harvey Johnson
Harry Styles လို့ နာမည်ပြောင်ရထားတဲ့ Johnson လေးကလည်း လေးလသားအရွယ်သာဆိုပေမယ့် ပုံမှန်မဟုတ်တဲ့ ဆံပင်သန်စွမ်းမှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူကလည်း အင်္ဂလန်နိုင်ငံ ဟာ့ဒ်ဖို့ရှိုင်းယားပြည်နယ်မြောက်ပိုင်း ဈေးမြို့
လေးဖြစ်တဲ့ Hitchin ဇာတိဖွား ဖြစ်ပါတယ်။

(၄) George Georgious
အသက် (10)ပတ်သားအရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ George ရဲ့ ဆံပင်သန်စွမ်းမှုကလည်း အံ့မခန်းပါဘဲ။ မွေးမွေးချင်း ဆံပင်စုတ်ဖွားဖြစ်နေတဲ့ ကလေးကြောင့် မိဘတွေတောင် ထိတ်လန့်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

(၅) အမည်မသိကလေးနှစ်ဦး
အထက်ပါ ကလေးနှစ်ယောက်ရဲ့ အမည်ကိုတော့ မသိရပါဘူး။ ဂျပန်စာတွေနဲ့ ဖော်ပြထားတဲ့ ပုံတွေဖြစ်ပါတယ်။ သူတို့
တွေရဲ့ အသက်ကလည်း အလွန်ဆုံးရှိ လေးလပါဘဲ။ ဒါပေမယ် ဆံပင်သန်တဲ့ နေရာမှာတော့ လူကြီးတွေထက်တောင် ပို
နေပါတယ်။


source : thesun.co.uk
www.shwemom.com မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com