Thursday, June 2, 2016

အောင်မြင်လိုသည့် အမျိုးသမီးများ ကျားကျားယားယား မတ်တပ်ရပ်ပါ

  ကိုယ့်စကားအောင်လိုပြီး လူများအပေါ် လွှမ်းမိုးလိုသည့် အမျိုးသမီးများသည် ကျားကျားယားယား မတ်တပ်ရပ်၊ ခေါင်းကိုမော့ ရင်ကိုကော့ပြီး လက်ဟန်ခြေဟန် အပြည့်ဖြင့် စကားပြောဆိုပါဟု ပညာရှင်များက အကြံပြုလိုက်ပြီ ဖြစ်သည်။

အမျိုးသမီးတစ်ဦး၏ မတ်တပ်ရပ် ပြောဆိုမှု အနည်းငယ် ပြောင်းလဲလိုက်ရုံနှင့် လူများက ၎င်းအပေါ်ထားရှိသော အမြင်ပြောင်းလဲသွားတတ်ကြောင်း လန်ဒန်တက္ကသိုလ်မှ ပညာရှင်များက ပြောဆိုခဲ့သည်။ သိပ္ပံပညာရှင်များသည် အမျိုးသမီး သရုပ်ဆောင် တစ်ဦးက ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့် ပရိသတ်ကို စကားပြောနေပုံကို ဗီဒီယို မှတ်တမ်းတင်ခဲ့သည်။

 ယင်းနောက်တွင် အမျိုးသားနှင့် အမျိုးသမီး (၁၅၀၀) တို့အား ဗီဒီယိုကို ကြည့်ရှုစေကာ သရုပ်ဆောင်နှင့် ပတ်သက်ပြီး ဆွဲဆောင်မှု ရှိမရှိမှစပြီး မည်မျှဗဟုသုတကြွယ်ဝသည် အထိ မှတ်ချက်ပေးရန် ညွှန်ကြားခဲ့သည်။ ဒုတိယလေ့လာမှုတွင်မူ အမျိုးသားနှင့် အမျိုးသမီး သရုပ်ဆောင်များ ကျားကျားယားယားဖြင့် စကားပြောဆိုနေပုံများ၊ တွန့်ဆုတ်စွာ စကားပြောဆိုနေပုံများကို ရိုက်ကူးထားသည့် ဗီဒီယိုများကို အလေ့လာခံ (၅၀၀) တို့ကို ကြည့်ရှုစေခဲ့သည်။

ကျားကျားယားယားဖြင့် စကားပြောဆိုနေပုံများကို အလေ့လာခံများက ခေါင်းဆောင်ပီသသည့် အပြုအမူ၊ ယုံကြည်စရာကောင်းသည့် အပြုအမူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ပြင် ကျားကျားယားယားဖြင့် လက်ဟန်ခြေဟန် သုံးကာ စကားပြောဆိုသည့် အမျိုးသမီးများကို မဲပေးမည်ဖြစ်ကြောင်း အလေ့လာခံများက ပြောဆိုခဲ့သည်။

Credit:Messenger