Thursday, June 30, 2016

တေးဂီတဟာ ကလေးငယ်တွေရဲ့ ဘာသာစကားစွမ်းရည်ကို တိုးမြင့်စေနိုင်



ဝေါ့ဇ်ဂီတလိုမျိုး သီချင်းသံတွေ နားထောင်ခြင်းဟာ မွေးကင်းစကလေးငယ်တွေအတွက် စည်းချက်တွေကို နားလည်ဖို့ခက်ခဲပေမယ့် တေးဂီတပုံစံတွေနဲ့ စာသားအသံထွက်တွေကို တဖြည်းဖြည်းနားလည်မှုစွမ်းရည် မြှင့်တင်ပေးနိုင်ကြောင်း လေ့လာချက်အသစ်အရ သိရှိရပါတယ်။

 “ တက်ကြွတဲ့ စည်းချက်တွေနဲ့ တေးသံတွေဟာ မွေးကင်းစကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု စွမ်းရည်နဲ့ သင်ကြားမှုစွမ်းရည်တွေအတွက် အကူအညီဖြစ်ပါတယ် ” လို့ Seattle ရှိ University of Washington မှ သုတေသန ခေါင်းဆောင် T.Christina Zhao က ရှင်းလင်းပြောပြထားပါတယ်။

 “ Mozart Effect “ လို့ ခေါ်တဲ့ လူသိများတဲ့ သုတေသနမှာတော့ တေးဂီတဟာ ကလေးငယ်လေးတွေ အပေါ် ဘယ်လိုကောင်းကျိုးတွေရှိပြီိး ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးမှုအတွက်ပါ အကျိုးရလဒ်ကောင်းတွေရှိတာကို သိရှိခဲ့ရပြီး ဖြစ်ပါတယ်။

လေ့လာချက်အသစ်မှာ သုတေသီတွေက ၉ လသားကလေးငယ် ၃၉ ဦးကို လေ့လာခဲ့ကြတာဖြစ်ပြီး သီချင်းနားထောင်စေခြင်းနဲ့ တခြားဆော့ကစားနည်းများစွာ ခွဲခြားပြီး စမ်းသပ်လေ့လာခဲ့ကြပါသတဲ့။

သုတေသီတွေဟာ တေးဂီတကို ပိုမိုနားထောင်ကြတဲ့အဖွဲ့က ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ စကားပြောဆိုမှုတွေနဲ့ ဂီတစည်းချက်တွေကြားက အနှောင့်အယှက်တွေကို ပိုပြီးပြန်လည်တုံ့ပြန်နိုင်စွမ်းအား ကောင်းကြောင်းတွေ့ရှိခဲ့ရတယ်လို့ Zhao က ဆိုပါတယ်။

ဒီလေ့လာချက်အသစ်ကို ဧပြီလ ၂၅ ရက်နေ့က National Academy of Sciences စာတမ်းဖတ်ပွဲမှာ အစီရင်ခံသွားတာဖြစ်ပါတယ်။

Credit: Thithtoolwin