Thursday, June 2, 2016

အဖေတွေ အားလုံး ရပ်လိုက်သင့်တဲ့ အလေ့အကျင့် (၅) ခု

  ၁ - သားသမီးတွေကို အော်ခြင်း

သားသမီးတွေပေါ်တအားအော်တာဟာ ဘယ်လိုမှ အကျိုးမဖြစ်တဲ့ လုပ်ဆောင်မှုပါ။ ကိုယ့်ရဲ့ဒေါသကို တခြားပုံစံမျိုးနဲ့ ဖြေဖျောက်ပါ။

၂ - အိမ်မှာလည်း အလုပ်ရှုပ်ခြင်း

အလုပ်တွေ ရှုပ်ပြီး သားသမီးတွေနဲ့ ပျော်စရာရွှင်စရာတွေ ပြောဆိုမလုပ်ဆောင်တာဟာလည်း သားသမီးတွေရဲ့ အရည်အသွေးကို နိမ့်ကျစေပါတယ်။

၃ - ခန့်မှန်းလို့မရ

သားသမီးတွေနဲ့ ပက်သက်လာရင် သင့်ရဲ့စည်းမျဉ်းတွေ၊ စည်းကမ်းတွေ၊ ဆက်ဆံပုံတွေဟာ တစ်သမတ်တည်းမဟုတ်ဘဲ ခန့်မှန်းလို့မရတာမျိုးဟာ မကောင်းပါဘူး။

၎ - တောင်းသမျှပေးတာ

ကလေးတောင်းသမျှ အလိုလိုက်ပြီး ဝယ်ပေးတာကလည်း အကျင့်တစ်ခုဖြစ်သွားသင့်တဲ့အရာ မဟုတ်ပါဘူး။

 ၅ - အပြောအဆို

ကလေးတွေရဲ့ စိတ်ဟာ နုပါတယ်။ သူတို့ကိုယ်သူတို့ လေးစားတဲ့စိတ်ဟာ ဖခင်ပေါ်နဲ့လည်း သက်ဆိုင်မှုရှိနေပါတယ်။ ဒီအချိန်မှာ သူတို့နဲ့ပက်သက်ပြီး မကောင်းပြောတာမျိုး၊ စိတ်ဓာတ်ကျအောင် ပြောတာမျိုးဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။


Credit : Duwun