Saturday, May 28, 2016

ကလေးငယ် အများစုဟာ “ Essential Oils “ ကြောင့် မတော်တဆ အဆိပ်သင့်နေ

  Tennessee poison center ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြချက်အရ သဘာဝကုထုံးအဖြစ် အသုံးပြုကြတဲ့ Essential Oil တွေကြောင့် မကြခဏဆိုသလို အဆိပ်သင့်နေကြရတယ်လို့ သိရပါတယ်။

၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်ကြား လက်ဖက်စိမ်းဆီ ကဲ့သို့ အဆီတွေကြောင့် အဆိပ်သင့်ကြရတဲ့ အစီရင်ခံစာများစွာ ရရှိကြောင့် Center က ဆိုပါတယ်။ ပိုပြီး ဂရုစိုက်ရမယ့်အချက်ကတော့ ဒီလိုအဆိပ်သင့်တဲ့ အဖြစ်အပျက်တွေရဲ့ ၅ ခုမှာ ၄ ခုနှုန်းဟာ ကလေးငယ်တွေဖြစ်နေကြတာ ဖြစ်ပါတယ်။

ရနံ့နဲ့ အိမ်သုံးကုထုံးပစ္စည်းတွေအဖြစ် အပင်ကနေ ထုတ်လုပ်ရယူထားတဲ့ အဆီတွေဟာ အသုံးပြုတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ အသုံးပြုတဲ့အခါ ကလေးငယ်တွေရဲ့ မျက်နှာကို ထိခိုက်စေနိုင်နှုန်းအများဆုံး ဖြစ်စေနိုင်ပါတယ်။

 “ ကလေးငယ်တွေဟာ များသောအားဖြင့် အဆီကို မြိုချဖို့ကြိုးစားတဲ့အခါမှာဖြစ်ပြီး ပြန်လည်အော့အန်လိုက်တာကြောင့် အဆုတ်ထဲကို အဆီအနည်းငယ်ရောက်သွားပြီး အဆိပ်သင့်စေတာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ လက်ဖက်စားဇွန်းတစ်ဝက်စာလောက် ဆီပမာဏပဲလိုအပ်တာကြောင့် အိမ်သုံးကုထုံး ဆီတွေအားလုံးဟာ အန္တရာယ်ဖြစ်နိုင်ပါတယ်။” လို့ Vanderbilt University Medical Center's Tennessee Poison Center မှ Dr. Justin Loden က သတင်းထုတ်ပြန်ချက်အသစ်မှာ ဖော်ပြထားပါတယ်။

ဒီနှစ်ပိုင်းတွေမှာ ဒီလိုအိမ်သုံးကုထုံးဆီ သုံးစွဲမှု ပိုမိုများပြားလာပြီး ပုံစံမျိုးစုံနဲ့ သုံးစွဲလာကြပါတယ်။ အရေပြားပေါ်မှာ ပွတ်လိမ်းပေးခြင်းဖြင့် လေထဲမှာလည်း စိမ့်ဝင်ပျံ့နှံ့စေနိုင်တယ်လို့လည်း Loden က ဆက်လက်ရှင်းပြထားပါတယ်။

Credit; thithtoolwin