Sunday, May 22, 2016

အရွယ်ရောက်ပြီးသူများတွင် ကျိုးသွားသောသွားအား ၉ ပတ်အတွင်း အသစ်ပြန်ပေါက်အောင် လုပ်နိုင်မည့် နည်းသစ်တစ်ခုတွေ့ရှိ



 










ကလေးဘဝမှာ မဟုတ်ဘဲ အသက်ကြီးကာမှ အကြောင်းအမျိုးမျိုးကြောင့် သွားကျိုးသွားခဲ့မယ်ဆိုရင် ပြန်ပေါက်နိုင်တော့မှာ မဟုတ်တာကြောင့် အရမ်းကို ဆိုးဝါးပါတယ်။အဓိက အချက်က သွားကျိုးနေခဲ့ရင် ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို အရမ်းထိခိုက်စေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွားစိုက်တာ၊ အံကပ်ထည့်တာတွေ လုပ်လေ့ရှိကြပါတယ်။ ကိုလံဘီယာ တက္ကသိုလ်က Dr. Jeremy Mao က ပင်စည်ဆဲလ်(stem cell)တွေကို အသုံးပြုပြီး ၉ ပတ်အတွင်း သွားအသစ်ပြန်ပေါက်အောင် လုပ်နိုင်မယ့် နည်းသစ်တစ်ခုကို မကြာမီက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Dr. Jeremy က လူနာဖြစ်သူရဲ့ ခန္ဓာကိုယ်က ပင်စည်ဆဲလ်နဲ့ ဒီအန်အေကို သုံးပြီး သွားအသစ်ပြန်ပေါက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီသတင်းက သွားဆေးပညာလောကအတွက် ကြီးမားတဲ့ အနာဂတ် တိုးတက်မှု အလားအလာ ဖြစ်လာမှာ ဖြစ်ပါတယ်။ သွားစိုက်ခြင်းက ကျိုးနေတဲ့သွားအတွက် အသင့်တော်ဆုံးနည်းလမ်းတစ်ခု ဖြစ်ပေမဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိနေခဲ့ပါတယ်။

ပိုးဝင်တာ ခန္ဓာကိုယ်က စိုက်ထားတဲ့ သွားအသစ်ကို လက်မခံဘဲ ဖယ်ထုတ်တာ မေးရိုးနဲ့ ဆိုးဆိုးရွားရွား ဆက်ထားရတာ ဈေးကြီးတာသွားဖုံး ပျက်စီးစေတာတွေ ဖြစ်စေနိုင်ပါတယ်။

နောက်ပြီး အချိန် နဲ့ ငွေကြေးကုန်ကျမှု များသလို အရမ်းကိုလည်း နာကျင်မှု ခံစားရမှာ ဖြစ်ပါတယ်။ သွားအသစ်ပြန်ပေါက်အောင် လုပ်နိုင်တဲ့ အတွက် ရရှိမယ့် အကျိုးခံစားမှုတွေကတော့ အပေါ်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ လုံးဝမကြုံတွေ့ရတာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က ၉ ပတ်အတွင်း သွားအသစ်ပြန်ပေါက်လာအောင် လုပ်ပေးနိုင်တာကလည်း အကောင်းဆုံး အကျိုးကျေးဇူးထဲမှာ ပါဝင်ပါတယ်။

အခုလောလောဆယ်မှာ ဤကုသမှုအတွက် အာဏာပိုင်တွေရဲ့ ထောက်ခံချက် ရရှိရန် စောင့်ဆိုင်းနေပြီး စတင်အသုံးပြုလို့ရလာပါက ပြန်ကောင်းလာဖို့ အတွက် အချိန် ၊ငွေနဲ့ နာကျင်မှုတွေ အများကြီးရင်းနှီးရတဲ့ သွားစိုက်ခြင်းထက် ပိုပြီးကျော်ကြားလာမှာပဲ ဖြစ်ပါတယ်။


Credit : Trend Myanmar