Saturday, May 28, 2016

ကိုယ်ဝန်ဆောင်စဉ်မှာ အထူးပြုလုပ်ထားတဲ့ အချိုတည်းစရာတွေဟာ သန္ဓေသားအလေးချိန် ပိုမိုတိုးစေနိုင်

  ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ နေ့စဉ် အထူးပြုလုပ်ဖန်တီးထားတဲ့ အချိုရည်တွေကို သောက်သုံးခြင်းဟာ မွေးဖွားတဲ့အခါ ပုံမှန်ထက်အလေးချိန်ပိုများတဲ့ ကလေးငယ်လေးတွေ မွေးဖွားနိုင်ပြီး ထိုကလေးငယ်တွေမှာ အ၀လွန်မှုတွေ ပိုမိုဖြစ်ပွားစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

 “ တစ်နေ့ကို နှစ်ကြိမ်ခန့် အချိုရည်တွေ သောက်သုံးလေ့ရှိတဲ့ မိခင်လောင်းတွေရဲ့ ကလေးငယ်တွေဟာ ၁ နှစ်သားအရွယ်မှာ အ၀လွန်မှုတွေဖြစ်ပွားစေနိုင်ပါတယ် “ လို့ Winnipeg, Canada ရှိ University of Manitoba မှ သိပ္ပံနဲ့ သုတေသနပညာရှင် Meghan Azad က ရှင်းလင်းပြောပြထားပါတယ်။

အ၀လွန်နေတဲ့ ကလေးတစ်ယောက်ရဲ့ အလေးချိန်ဟာ အလေးချိန်နဲ့အရပ်အတိုင်းအတာ တူညီတဲ့ တခြားပုံမှန် ကလေးငယ်တွေထက် ၉၇ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

လူလုပ် သကြားဓါတ်တွေပါတဲ့ အချိုရည်တွေ သောက်သုံးခြင်းဟာ အမျိုးသမီးတွေအနေနဲ့ လူလုပ်သကြားဓါတ်တွေ ပါဝင်နေတဲ့ ဆိုဒါအချိုရည်တွေနဲ့ Iced Tea ဘယ်နှစ်ကြိမ်သောက်သုံးသလဲ သို့ ကော်ဖီထဲမှာ ဒီလိုသကြားမျိုးဘယ်လောက်များများ ထည့်သောက်သလဲ ဆိုတာတွေအပေါ် အခြေခံဆုံးဖြတ်နိုင်ပါတယ်။

 “ ကယ်လိုရီဓါတ် နည်းပါးတဲ့ လူလုပ်သကြားတွေဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်နဲ့ ကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်မှု ပိုနည်းတာကို ပြသနေပါတယ် “ လို့ သူကဆက်လက် ရှင်းပြထားပါတယ်။

 “ ကယ်လိုရီနည်းတဲ့ လူလုပ်သကြားတွေဟာ ကိုယ်ဝန်ဆောင်တွေကို ကယ်လိုရီလွန်ကဲခြင်းကနေ ရှောင်ရှားပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်လွန်ကဲတာဟာ မိခင်ရော သန္ဓေသားကိုပါ ထိခိုက်စေနိုင်ပါတယ် “ လို့လည်း ထပ်လောင်းပြောကြားသွားပါတယ်။

Credit; thithtoolwin