Tuesday, April 5, 2016

မြန်မာနိုင်ငံမှာ ပညာရေးရဲ့ အရေးပါပုံ





 



 






ပညာရေးလို့ ပြောလိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ မိဘတိုင်း အရေးတယူ ဂရုတစိုက် လုပ်ဆောင်ကြတာကို တွေ့ရမှာပါ။
မိဘအများစုကလည်း ပညာရေးမှာ ထူးချွန်မှ ကျောင်းကောင်းတွေမှာ တက်၊ ဘွဲ့လက်မှတ်ကောင်းတွေ ရယူပြီးမှ လစာကောင်းကောင်းနဲ့ ရပ်တည်နိုင်မယ်လို့ ခံယူထားတဲ့အတွက် သား၊ သမီးတို့ရဲ့ ပညာရေးကို အလေးထားကြပါတယ်။

သေချာတာတစ်ခုကတော့ မိဘတွေဟာ မိမိရဲ့ သား၊ သမီးအတွက် အဆင့်မြင့်ပြီး ကောင်းမွန်တဲ့ပညာရေး ဘွဲ့လက်မှတ်တွေကို အိုးမကွာ အိမ်မကွာဘဲ တက်ရောက်စေချင်တာ အမှန်ပါ။ အကယ်လို့ ပြည်ပမှာ တက်ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ကာလသက်တမ်းတိုတောင်းတာကိုပဲ ရွေးချယ်ကြပါတယ်။

ခုဆိုရင် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာတာနဲ့အမျှ နောင်တစ်ချိန်မှာ ပြည်တွင်း ပြည်ပကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးဖို့ ပြည်ပကနေ လာရောက်ဖွင့်လှစ်တဲ့ ဗြိတိန်က Dulwich College လို အဆင့်မီကောင်းမွန်တဲ့ ပညာရေးဝန်ဆောင်မှုတွေနဲ့ ဖြည့်ဆည်းပေးနိုင်မယ့် ပုဂ္ဂလိကကျောင်းတွေ လိုအပ်လာမှာပါ။

မိဘတွေဟာလည်း မိမိတို့ရဲ့ သား၊ သမီးတွေကို အိုးမကွာအိမ်မကွာနဲ့ နည်းပညာကျွမ်းကျင်မှုတွေအပြင် ပြည်ပဘွဲ့ လက်မှတ်တွေကိုလည်း သက်သောင့်သက်သာနဲ့ ရယူပိုင်ဆိုင်ပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်းတဲ့ သားသမီးလူတော် လေးတွေဖြစ်စေချင်တဲ့ မျှော်လင့်ချက် အလင်းတန်းလေးတစ်ခုတော့ ကိုယ်စီရှိကြမှာအမှန်ပါ။

Credit : Duwun