Saturday, November 7, 2015

Burberry အမှတ်တံဆိပ်အတွက် ကြော်ငြာရိုက်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ သား ရိုမီယိုဘက်ခမ်း

 
 ဘောလုံးသမား ဟောင်း ဒေးဗစ်ဘက်ခမ်း ရဲ့  ဒုတိယ မြောက် သားဖြစ်သူ ရိုမီယို ဘက်ခမ်းဟာ Burberry အမှတ်တံဆိပ် ရဲ့  ခရစ်စမတ် ကြော်ငြာ အစီအစဉ်မှာ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ကြော်ငယ် မော်ဒယ်လ် အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၃ နှစ်သာ ရှိသေးတဲ့ ရိုမီယို ဘက်ခမ်းဟာ Michelle Dockery ၊ James Corden နဲ့ အဆိုတော် James Bay တို့ နဲ့ အတူ တွဲဖက်ပြီး ကြော်ငြာ ဓါတ်ပုံ ရိုက်ခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် Julie Walters ပါဝင်တဲ့ ၃ မိနစ်စာ ကြော်ငြာဇာတ်လမ်းမှာလည်း ရိုမီယို က ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။ အခြားပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ George Ezra ၊ Rosie Huntington-Whiteley နဲ့ Naomi Campbell တို့ပဲ ဖြစ်ပါတယ်။

Rosie ၊ Naomi ၊ James Bay နဲ့ ရိုမီယို ဘက်ခမ်းတွေကို ကြော်ငြာ ဓါတ်ပုံတွေရိုက်ကူးပေးခဲ့တာကတော့ နာမည်ကြီး Celebrity ဓါတ်ပုံဆရာ Maio Testino ပဲ ဖြစ်ပါတယ်။ ရိုမီယို ဘက်ခမ်းဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Burberry ရဲ့  ကြော်ငြာ အစီအစဉ်အတွက် ပါဝင်ကူညီပေးခဲ့ဖူးပါတယ်။

Credit: trend မှ ကူးယူဖော်ပြသည်။