Wednesday, October 21, 2015

ကလေးရှိတဲ့မိဘများ သတိထားနိုင်ဖို့ (ဖြစ်ရပ်မှန်)


 လွန်ခဲ့တဲ့လအနည်းငယ်လောက်က ဆေးရုံတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပြောပြမယ်နော်။ ညနေ ငါးနာရီလောက်က ကလေးဆေးခန်းသွားပြဖြစ်ခဲ့တယ် ထုံးစံအတိုင်းကားရပ်စရာမရှိ ကားပြန်ပတ်ရမယ်။ ဆိုတော့လိုက်မသွားတော့ပဲဆေးခန်းမှာပဲကလေးနဲ့ဆင်းနေခဲ့လိုက်တော့တယ် နံပါတ်ကလည်း ၄ ရထားတာဆိုတော့မြန်မြန်ပြီးလောက်တယ်ပေါ့လေ။

စာအုပ်ထပ်တဲ့နေရာရောက်တော့ လူကအတော်များနေပြီ ခါတိုင်းတော့ရောက်တာနဲ့ စာအုပ် ကလေးပြပြီးပေါင်တန်း ချိန်တာပဲ ဒီနေ့ကျစာအုပ်ယူမယ့်ကောင်မလေးတွေ တယောက်မှ လည်းမတွေ့ ပဲစောင့်နေလိုက်ရတယ် ပြသနာကအဲ့မှာစတာပဲ ။

ကိုယ့်ဟာကိုယ်ကလေး ပုခုံးပေါ်တင်ချီရင်း မတ်တပ်ရပ်စောင့်နေတုန်းဗြုန်း ဆို ကောင်တာရှေ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဆေးခန်းစောင့်နေတဲ့ လူအုပ်ထဲကမိန်းမကြီး တယောက်ကအနား အတင်းကပ်ပြီးကလေး ကိုဖက်နမ်းမလိုလာလုပ်တယ် ။သူ့ကြည့်တော့လည်း လူမမာပုံစံနဲ့ ဆိုတော့ ကိုယ်လည်းခပ်ပြုံးပြုံးနဲ့ပဲ ကလေးကိုဘက်ပြောင်းချီပြလိုက်တာပေါ့ ။

အဲ့ဒါလည်းရပ်မသွားဘဲ ကလေးပြောင်းတဲ့ ဘက်လိုက်လာပြီးလိုက် ဆွဲပြန်ရော ဆွဲမရအောင်ကလေး လက်တွေသိမ်းပြလည်း မရနဲ့ရှုပ်ရှက်ကိုခတ်နေတာပါပဲ ကလေးလည်းစိတ်ညစ်ပြီးလန့်နေပြီ ။ အဲ့လိုနေတုန်းမှာပဲ ကလေးပေါင်ချိန်လို့ရပြီတဲ့ အတော်ပဲပေါ့ ဝမ်းတောင်သာသွားတယ် မကြာပါဘူး ပေါင်ချိန်စက်ပေါ် ကလေးတင်ရုံရှိသေး ဘေးနားကတောက်လျှောက်ကပ်ရှုပ်တော့တာပဲ ။

ကလေးကစက်ပေါ်တင်တာမဆန့်ပဲခြေထောက်နဲ့စားပွဲထိနေတော့ တိုင်းတာမမှန်မှာစိုး လို့အပေါ်ဆွဲတင်ရ တာကတမျိုး သူစိမ်းတယောက် အတင်းလာကိုင်နေတော့ကလေးထငိုတာကတမျိုး ဒီကြားထဲ ကလေးကိုမထိထားနဲ့ လွှတ်ပါလို့ပေါင်ချိန်တဲ့ကောင်မလေးကပြောနေတာကို အမေလုပ်တဲ့သူကလွှတ်နေပြီ သူကခြေထောက်က ကိုင်လိုက် ပေါင်ကဖိလိုက်နဲ့ ဘယ်လိုကိုလာလုပ်နေ မှန်းမသိဘူး ကလေးငိုပြီးလှုပ်နေလို့ ချော့ရတာနဲ့ ပေါင်ချိန်လို့မရတာနဲ့ အဲ့မိန်းမလာလုံးပြီးလိုက်ချော့နေလို့တားရတာနဲ့ တကယ်လေ စိတ်ပျက်ဖို့ကောင်းလိုက်တာ။

နောက်ဆုံးဘယ်လိုမှသည်းမခံနိုင်အောင်နှောက်ယှက်နေလို့မကိုင်ပါနဲ့ နေပါ ကိုယ့်ဟာကိုယ်လုပ် ပါ့မယ်ဆိုပြီးအော်မှပဲ မဖယ်ချင် ဖယ်ချင်နဲ့ဖယ်တော့တယ်။ ဖယ်ပြီးဘယ်မှာ သွားထိုင်လဲ ဆိုတော့ ပေါင်ချိန်ပေး တဲ့ကောင်မလေးတွေထိုင်တဲ့ခုံတွေဘက်မှာဝင်ထိုင်တယ်။

အဲ့ဒီမှာမှစပြီးစိတ်ထဲတမျိုးဖြစ်လာတယ် သူ့ဟာကသူ့ကိုစတွေ့တဲ့ လူအုပ်ထဲလည်းပြန် မသွား ဆေးခန်းပြ ဖို့ကလေးလည်းပါလာပုံ မရဘူးကိုး ။ ကိုယ့်ကိစ္စကိုယ်လည်းမလုပ်သူ့အာရုံကကိုယ့်ကလေးဆီမှာ ပဲလာဝဲပြနေတော့မူမမှန်လောက်ဖူးထင်ပြီးကလေးနောက်တခေါက် ပေါင်ပြန်ချိန်တော့စက်ကိုင်တဲ့ကောင်မလေးကိုပြောပြဖြစ်တယ်။

ကောင်မလေးကလည်း အမတို့ အိမ်သားမှတ်လို့ သူကြည့်နေတာတဲ့ ဟုတ်တယ် သူလုပ်နေတဲ့ပုံက ဘေးကကြည့်ရင်သူနဲ့ပဲအတူလာသလို တခုခုတော်သလိုလိုပုံမျိုးဖြစ်နေတယ် ။ ကလေးကတော့သူ့စနက်နဲ့တခါမှမဖြစ်စဖူး ငိုယိုပြီးဒုတိယ အကြိမ်ပေါင်ချိန် တာလည်းမရပြန် တာနဲ့ပဲတခြားလူတွေအလှည့်ပေးရင်းကောင်တာရှေ့ ကလှည့်ထွက်လာခဲ့ လိုက်တယ် ဝေးဝေးမသွားပဲ လူရှိနေတဲ့ဆေးရောင်းတဲ့ကောင်တာနားလေးမှာပဲစောင့်ပြီး အခြေအနေ လှမ်းကြည့်လိုက်တော့ အဲ့မိန်းမနောက်လူတယောက်နားသွားထိုင်နေ ပြန်ရော အတူလာပုံတော့မရပါဘူး။ တခွန်းနှစ်ခွန်းပြောပြီးဆက် မပြောကြတော့ဘူးလေ။

ခဏလေးနေတော့ကားသွားရပ်တဲ့ယောင်္ကျား ရောက်လာတယ် ။ကိုယ်လည်း အားရှိသွားတယ်။ အဲ့မိန်းမကိစ္စအကျိုးအကြောင်းလည်းပြောပြလိုက်တယ် လူကိုတော့မပြဖြစ်လိုက်ဘူး ကြည့်လိုက်တော့ဆေးခန်းကကောင်မလေးကို ဘာတွေပြောနေမှန်းမသိဘူး ။ ကိုယ့်ဆီလည်းလက်ညှိုးတထိုးထိုးနဲ့ အမှန်ကပေါင်ထပ်ချိန်ခိုင်းဖို့ကောင်မလေးက ကိုယ့်ကိုလိုက်ရှာနေ တာကို သူကစကားလက်ခံပြောနေတာ။

ယောင်္ကျားရောက်လာတာလည်းသူမသိလိုက်ဘူး။ ထင်ပါတယ်ပြောလည်းပြော ပြလည်းပြနဲ့ လူကိုပါလာခေါ်ဖို့ပြင်တာတွေ့လိုက်တယ် ။ ဘာလို့ဆိုသူတန်းတန်းမတ်မတ်ကိုယ့်ဆီလျှောက်လာနေပြီလေ ။ အဲ့လိုနဲ့ယောင်္ကျားလည်းရောက်နေပြီဆိုတော့သူ့ကိုသိပ်အရေးမထားဖြစ်ပဲ ကလေးပေါင်ချိန်ပြီးမှ ပဲပြန်ရှာဖြစ်တော့တယ်။

ဒါပေမယ့်သူကမရှိတော့ဘူး။ အဲ့ကျမှဟိုမိန်းမမရှိတော့ဘူး ။ယောင်္ကျားရေပြတောင် မပြမိလိုက်ဘူး လို့ပြောရုံရှိသေး ငါသိလိုက်တယ်တဲ့ ။ ဟုတ်လား ဘယ်လိုလုပ်သိလဲ မိန်းမအနားကပ်လာတာတော့ သိတယ်။ နောက်တော့သတိမထားမိလိုက်ဘူး ပျောက်သွားတယ်ဆိုတော့ ။ ဟုတ်တယ်အဲ့မှာ သိလိုက်တာတဲ့ မိန်းမရှေ့လှည့်နေတုန်းနောက်ကနေ ကလေး ကိုလိုက်နှိုက်နေတာတဲ့ ငါစောင့်ကြည့်နေတာသူမသိဘူးတဲ့ ။ ကလေးကိုမိန်းမဆီ ကပြောင်းချီလိုက်ပြီးခဏလေး မျက်ခြေပြတ်သွားတုန်းပျောက်သွားတာတဲ့ ဟုတ်ပါတယ် တကယ်ပဲလုံးဝမတွေ့တော့ဘူး မြန်ချက်များ။

ကလေးကအဖေပေါ်ရောက်သွားတော့ မိဘ နှစ်ယောက်စုံသွားတာ ပဲသိသွားလို့များလား တခုခုပါပဲ။ နောက်ဆုံးအားလုံးပြန် စဉ်းစားကြည့်တော့ ဒီမိန်းမဟာသာမန်မသိတတ်တာမျိုးဆိုရင် သိပ်ကိစ္စမရှိပေမယ့် တကယ့်အကြံအစည်နဲ့သာဆို ကြောက်စရာပါ။ ကလေးအမေနဲ့ပြောရင်းဆိုရင်း ဝင်ရောရင်းနဲ့ တို့ဆေးသုံး ပိုက်ဆံတောင်းနိုင် သလို ကလေးလည်းသူခေါ်သွားနိုင်ပါတယ် လူကိုဘာမှမ လုပ်ပဲကလေးတွေ ရဲ့ဖြုတ်ရလွယ်တဲ့ရွှေတိုရွှေစလေးတွေအတွက်လည်းကြံစည်နိုင်ပါတယ်။

ဆေးခန်းဆိုတာကလည်းလူများများ နည်းနည်း သူ့လူကိုယ့်လူခွဲဖို့ခက် ပါတယ် ကလေးတွေလာပြတာ ဆိုတော့ပိုခက်ပါတယ် မိဘတွေအပြင်မှာမှ အဖွားတွေ အမတွေ အဒေါ်တွေ အကူတွေပါလာ တတ်တာသဘာဝမို့ပါ။နောက် ကလေးကိုချစ်သလိုလိုမြူသလိုလိုနဲ့ မေးကြမြန်းကြခင်မင်ကြ
ဆိုတော့ လူဆိုးလူကောင်းခွဲခြားရစွပ်စွဲရသိပ်ကိုခက်ပါတယ် ။ ဒါကြောင့် ဒီနေ့အဖြစ်အပျက်လေး ကဘာမဟုတ်တဲ့အကြောင်းအရာလေးဖြစ်နိုင်သလို ကိုယ့်ကလေးတစ်ယောက်လုံး လည်းလုံးဝ ဆုံးရှုံးသွားနိုင်ပါတယ်။

အဖေအမေဆိုတာကလည်းကိုယ့်ကလေးကိုချစ်ကြောင်း ခင်ကြောင်းပြ ရင်ကျေနပ်တတ်ကြတာမို့ ဝင်ရောဖို့သိပ်လွယ်တဲ့အစားပါ ကိုယ်ကိုယ်တိုင် ကတော့ စူပါမားကတ်တွေသွားရင်တောင် ကလေးကိုသူ့အဖေတလှည့်ချီရင် စိုးရိမ်ပြီးမှာတတ်လို့ပါ ဈေးဝယ်စင်တာတွေမှာလည်း တူတူလာကြပေမယ့် သူလိုတာကိုယ်လိုတာရှာဝယ်ရင်းခဏတဖြုတ်တော့လူကွဲတတ်ကြလို့ ကိုယ်တိုင်လည်းကလေး နဲ့ကိုယ်နဲ့နှစ်ယောက်တည်းဖြစ်သွားရင်သတိ ထားရပါတယ်။

ဘာပစ္စည်းလိမ်ယူလုယူသွားသွားအကြောင်းမဟုတ်ပေမယ့်ကလေး ပျောက်လူပျောက် ဆိုတာ ဘာနဲ့မှအစားထိုးမရ ဖြေသိမ့်မရပါဘူး။ ပြန်တွေ့အောင်ရှာပေးနိုင်တဲ့နိုင်ငံလည်းမဟုတ်ပါဘူး ယောင်္ကျားတွေ
မိန်းမတွေ ဝတ်ကောင်းစားလှနဲ့ဈေးဝယ်ထွက်ပြ လမ်းလျှောက်ပြနေ လည်းမယုံပါနဲ့ ခုခေတ်မသမာသူတွေ မစုတ်ပြတ်တော့ပါဘူး ။

ဒါ့ကြောင့်ကလေးမိဘတွေ အဖိုးအဖွားတွေ ဆွေမျိုးသားချင်းတွေ ကိုယ်နဲ့ပါလာတဲ့ကလေး ကိုယ့်ဟာကိုယ်ဂရုစိုက်ကြပါ ကလေးတွေဟာ အင်အားနည်းတဲ့အရွယ်လေးတွေနုနယ်တဲ့အရွယ်လေးတွေ
မို့ ကိုယ်မှီခိုနေကျရင်ခွင်နဲ့ကွဲကွာပြီး မသမာသူတွေလက်ထဲများရောက်သွားရင် ဘယ်လောက်ခံစားကြရမယ် ဘယ်လောက်စိတ်ဆင်းရဲဒုက္ခရောက်ကြရမယ်ဆိုတာ စကားနဲ့မပြောနဲ့ အတွေးနဲ့တောင် အင်မတန် နာကျင်စွာနဲ့တွေးကြည့်ရတာပါ ။

လူမဆန်တဲ့လူတွေပေါများလာတဲ့လူ့လောကကြီးမှာ မိမိရင်သွေး မိမိမိသားစု မိမိပတ်ဝန်းကျင်ကို အကောင်းဆုံးစောင့်ရှောက်ရင်း လုံခြုံမှု နွေးထွေးမှုနဲ့ မေတ္တာတရားတွေလက်ဆင့်ကမ်းနိုင်ကြပါစေလို့
ဆုတောင်းရင်း ဒီကနေ့အဖို့ကံကောင်းထောက်မစွာ
နဲ့ပဲ ဆင်ခြင်စရာအသိတစ်ချက်ဝေငှနိုင်ခဲ့ပါပြီ …..။

Credit: May Khine San (FB) မှ ကူးယူဖော်ပြသည်။