Thursday, October 22, 2015

သင့်ရုံး အလုပ်တွေက သင့်အတွက် ဘယ်လိုကြောက်မက်ဖွယ် အခြေအနေတွေ ဖန်တီးပေးနေတယ်ဆိုတာ

 အကယ်၍ ကိုယ်ရတဲ့အလုပ်က ကိုယ်မနှစ်သက်တဲ့အလုပ်တစ်ခုဖြစ်တဲ့အခါ အဲဒီအလုပ်က မိမိအတွက် ငြီးငွေ့စရာ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအလုပ်က မိမိရဲ့အချိန်နဲ့ ပျော်ရွှင်မှုတွေ ခိုးယူပြီး မိမိဘဝသက်တမ်း တိုတောင်းစေဖို့ အလားအလာများပါတယ်။ ဒါပေမယ့် မိမိဘဝသက်တမ်း တိုတောင်းစေတဲ့အရာတွေထဲက တချို့ကို သိရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီအပြုအမူတချို့ကို ရှောင်ကြဉ်ပြီး ဘဝနေထိုင်မှုပုံစံတစ်ခုလုံး ပိုမိုကောင်းမွန်စွာ ပြောင်းလဲလုပ်ဆောင်နိုင်ပါတယ်။

သုတ်ရည်ခန်းခြောက်စေတဲ့ စက်ပစ္စည်းများ အသုံးပြုခြင်း

လက်တော့ပ်ကို အသုံးပြုပါသလား။ ပူနွေးတဲ့ လက်တော့ပ်ကို ပေါင်ပေါ်တင်တာ အရေပြား ထိခိုက်မှုပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပိုပြီးကြောက်စရာကောင်းတာက အမျိုးသားသုတ်ရည် နွမ်းခြောက်စေနိုင်စွမ်းရှိပါတယ်။

သေမတတ်ပျင်းရိငြီးငွေ့မှုဖြစ်ခြင်း

ငြီးငွေ့မှု ကို မတရားခံစားလာရတဲ့အခါ ဒါဟာ လူညွန့်တောင်တုံးသွားစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ငြီးငွေ့ခြင်းကြောင့် မကြာခဏ ညည်းတဲ့သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့သေတာများကြောင်း တွေ့ရှိခဲ့တယ်။ ပျင်းရိငြီးငွေ့မှု နွံနစ်နေသူတွေဟာ နှလုံးရောဂါ သို့မဟုတ် ဦးနှောက်သွေးကြောပိတ်ရောဂါ ခံစားနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

အပေါက်ဆိုးတဲ့ လုပ်ငန်းရှင်သူဌေး

သင့်လုပ်ငန်းရှင်သူဌေးက အပြောကြမ်းသူလား။ အကျင့်မကောင်းတဲ့သူဌေးကြောင့် နှလုံးရောဂါအန္တရာယ် တိုးပွားကြောင်း လေ့လာမှုတစ်မှ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Printer ၊ Fax စက်တို့နဲ့ ထိတွေ့မှုများလွန်းခြင်း

လေဆာပရင်တာတွေဟာ ရင်ဘတ်နာကျင်ကိုက်ခဲခြင်းနဲ့ ကျိန်းစပ်မှုအန္တရာယ် ဖြစ်စေတယ်။ ထို့ပြင် toner ဆေးမှုန့်များက အဆုတ်နဲ့ ခန္ဓာကိုယ်ရှိသွေးထဲ ဝင်ရောက်ကာ အဆုတ်နဲ့ဆက်စပ်တဲ့ရောဂါတွေ ဖြစ်စေတယ်။

အိပ်ရေးမဝဖြစ်ခြင်း

ညလုံးပေါက်အလုပ်လုပ်ခြင်းက ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ တို့နဲ့ ဆက်နွယ်ပါတယ်။

မနက်စာရှောင်ခြင်း

မနက်စာ မစားခြင်းက သွေးပေါင်တက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းနဲ့ နှလုံးရောဂါပြသနာ ဖြစ်ပွားနိုင်ခြင် ပိုများပါတယ်။

Fast Food တွေ စားသုံးခြင်း

Fast food တွေဟာ ကယ်လိုရီ၊ အောက်စီဂျင်နဲ့ ဓာတ်ပေါင်းထားတဲ့ အဆီတွေ အင်မတန်ကို များပါတယ်။ ထမင်းကို အပြင်ထွက်စားတာ နှလုံးရောဂါ၊ အဝလွန်ဖြစ်ခြင်းနဲ့ ဆီးချိုရောဂါ အန္တရာယ် တိုးပွားစေတယ်။

တစ်နေကုန် ဖင်ခုထိုင်ခြင်း

တစ်နေ့ ၈ နာရီကြာထိုင်တာ သိပ် အန္တရာယ်များပါတယ်။  တစ်ချိန်လုံးထိုင်နေခြင်းက အားအင်အပြည့်သုံးဖို့ အခွင့်မသာစေပါ။ ဒါ့ကြောင့် အလေးချိန်တက်ဖို့ ပိုလွယ်ကူစေပြီး အဝလွန်ခြင်း သာမက ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ ကင်ဆာရောဂါတွေပါ ဖြစ်ပွားနိုင်ခြေပိုများပါတယ်။

လူညွန့်တုံးစေတဲ့ကီးဘုတ်

ကီးဘုတ်က E. Coli ရောဂါအန္တရာယ်ဖြစ်ပွားစေရုံတင်မက carpal tunnel ရောဂါလက္ခဏာဖြစ်စေနိုင်တယ်။ ယင်း Carpal tunnel က အာရုံကြောတွေကို တသက်လုံး ပျက်စီးစေနိုင်စွမ်းရှိတယ်။

Credit: trend မှ ကူးယူဖော်ပြသည်။