Thursday, October 22, 2015

သားသားမီးမီး တို့ရဲ့ ပုံဆွဲ ဝါသနာ

ကျွန်တော်မှာ ပုံဆွဲသော်တဲ့ သူလေး တစ်ယောက်ရှိတယ်။

“သားသား.မင်းကြီးလာရင် ဘာလုပ်မလဲ”လို့ မေးလိုက်တိုင်း သူ့အဖေ၊အမေ ပြောပြထားတဲ့အတိုင်း ဆရာဝန်ကြီးလုပ်မယ်လို့ ပြောမြဲဖြစ်ပေမယ့် ပုံဆွဲ မပျက်ခဲ့ဘူး။ ပုံမဆွဲဘဲ အိပ်ပျော်သွားတဲ့ ညလည်း တစ်ညမှ မရှိခဲ့ပါဘူး။

ပုံဆွဲ နှစ်သက်တဲ့ ကလေးတွေဟာ Colour တွေရဲ့ စာလုံးပေါင်း အသံထွက် တွေကို အခြားကလေးတွေထက် ကျွမ်းကျင်စွာ သင်ယူမှတ်မိနိုင်ပြီး အရောင်အသွေးတွေကိုလည်း ခွဲခြားရွေးချယ်နိုင်ပါတယ်။ အာရုံစုစည်းမှုအလေ့အကျင့်လည်း ဖြစ်တာမို့ စာပေသင်ယူရာမှာ မှတ်ဥာဏ်အားထက်သန်တာကိုလည်း တွေ့ရပါတယ်။

သားသားဟာ ကားတွန်းခွေပေါ်က ဇာတ်ကောင်ပုံတွေကို ကြည့်ပြီး တူအောင်ဆွဲနိုင်တဲ့ ပါရမီ ရှိတယ်။ ပုံဆွဲတဲ့ ခဲတံ၊ စာရွက်၊ စာအုပ်တွေကို လက်ဆောင်ရရင် ဂိမ်းဆော့ရတာထက် ပိုပျော်တယ်။ အဲဒီလို ကျွန်တော့် သူနဲ့ တူတဲ့ ပုံဆွဲတာ ပါရမီပါတဲ့ သားသားမီးမီးတွေကို ပုံတူဆွဲနိုင်ဖို့ ပန်းချီကားချပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Credit: yangonlife မှ ကူးယူဖော်ပြသည်။