Sunday, October 18, 2015

ကလေးများ အတွက် အရေးကြီးတဲ့ မိသားစုပတ်ဝန်းကျင်

ကလေးမိခင်တစ်ယောက်ဖြစ်တဲ့ ကျမ အနေဖြင့် ကလေးများ နှင့် သက်ဆိုင်တဲ့စာပေများကိုရှာဖွေလေ့လာဖတ်ရှုဖြစ် ကာ မိခင်များအတွက် အခုလို မျဝေပေးလိုက်ပါတယ်။

ကလေးများအတွက် မိသားစုဆိုတာ ဘ၀ အသိပညာ ကို ပထမဆုံးရစေသော လူအဖွဲ့အစည်းဖြစ်ပါတယ်။ကလေးကြီးပြင်းရာ ပထမဆုံးသော ပတ်ဝန်းကျင်မှာ မိသားစု ဖြစ်တဲ့အတွက်ပညာပေးဌာနများအနက် မိသားစု မှာ အရေးကြီးဆုံး ဌာန တစ်ခု ဖြစ်ပါတယ်။ဒါကြောင့် ကလေးများအတွက် အခြေခံရေသောက်မြစ်မှာ မိသားစုဘဲ ဖြစ်ပါတယ်။

ကလေးများအား မိသားစု အတွင်း လေ့ကျင့်ပျိုးထောင်ပေးရာတွင် ကြင်နာယုယနွေးထွေးမှုများပေးအပ်ပြီး ချင်ခင်မှုများပြသရန်လိုအပ်သလို မိမိကိုယ်မိမိ အားကိုးပြီး လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကောင်းများ ကိုလည်းလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ မိသားစု ဟာ လူမှုအဖွဲ့အစည်းတွင် အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။ မိခင်သည် ကလေးတွက် အရေးကြီးသလို ကလေး သည်လည်း မိခင် အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ မိခင် နှင့် ကလေး ဟာ တစ်ဦး နှင့်တစ်ဦး အပြန်အလှန်ဆက်ဆံရာမှ အပြန်အလှန် ပညာရယူ တိုးပွား နိုင်ကြပါတယ်။ မိခင်တို့ မှ ကလေးများအား ချစ်ခင်ခြင်းဖြင့် ချစ်ခင်ကြင်နာစိတ် ကို ကလေးများတွင် ဖြစ်ပေါ်စေတတ်ပါတယ်။

နားလည်ချစ်ခင် ၍ကောင်းမြတ်တဲ့မိသားစု ပတ်ဝန်းကျင် မှာ ကျင်လည်ကြီးပြင်းရသော ကလေးတို့ဟာ ကြီးပြင်းလာသောအခါ ကောင်းမြတ်သော အကျင့်သိက္ခာဖြစ်စေ သော ပညာရေး ကို ရပါတယ်။

ကလေး ရဲ့ ကိုယ်စိတ်နှစ်ပါး လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ပြီး တိုးတက်တဲ့လူ့ယဉ်ကျေးမှု ၊ဓလေ့စရိုက်များ ကို မျော်မှန်းကြည့်ရှုနိုင်ဖို့အတွက် မိသားစု မှာ အလွန်အရေးကြီးတဲ့ ပညာပေးဌာနဖြစ်ပါတယ်။
လူသားတို့တွင် အရေးကြီးဆုံးသော စိတ်ပိုင်းဆိုင်ရာလက္ခဏာ ဖြစ်တဲ့ အကျင့်စာရိတ္တ သိက္ခာပိုင်း မှာ မိသားစုရေသောက်မြစ် မှ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။
ဒါကြောင့် ကလေးတို့ရဲ့ အခြေခံရေသောက်မြစ်လေး ကြည်လင်သန့်ရှင်းဘေးကင်း ပါ မှ ပုခက်လွှဲသောလက် မှာ ကမ္ဘာ ကို လွှမ်းမိုးနိုင်မည်ဖြစ်ပါတယ်။

ကျမဖတ်ဖူးတဲ့ စကားပုံတစ်ခုရှိပါတယ်
Educating a man is just educating a man. But educating a woman is educating a generation.
အဓိပ္ပာယ်ကတော့ ယောက်ျားတစ်ယောက်ပညာတတ်ရင် ယောက်ျားတစ်ယောက်ပဲ တတ်တာဖြစ်ပြီး
မိန်းမတစ်ယောက်ကို ပညာသင်ပေးရင်တော့ မျိုးဆက်တစ်ခုလုံးကိုပါ ပညာဖြန့်ဝေပြီးသားဖြစ်စေပါတယ်။
ဒါကြောင့် မိခင်တွေဟာ ဘယ်လောက်ပဲ ဗာဟီရတွေနဲ့ အလုပ်ရှုပ်နေပေမဲ့ မိမိရင်သွေးအတွက်လို့မှတ်ယူပြီး အချိန်လုပြီး စာပေတွေ ဖတ်ရှုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။ ‪

Credit: yangonlife မှ ကူးယူဖော်ပြသည်။