Tuesday, October 27, 2015

စပျစ်သီးရဲ့အကျိုးကျေးဇူးများ

















စပျစ်သီးတစ်ခိုင်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း များပြားလှပါတယ်။ စပျစ်သီးဟာ လူကြိုက်များတဲ့အသီးတစ်မျိုးထဲမှာ  ပါဝင်နေပြီး သူ့မှာ ဗီတာမင် A ၊ C ၊ B6 နဲ့  Folate တို့ များစွာပါဝင်နေပြီး  နောက်ထပ်မရှိမဖြစ်ဓာတ်သဘာဝတွေဖြစ်တဲ့  ပိုတက်စီယမ်၊ ကယ်လစီယမ်၊ သံဓာတ်၊ ဖော့စဖရတ်၊ မဂ္ဂနီယမ် နဲ့ဆီလီနီယမ် 
တို့ပါ ပါဝင်နေခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့်အောက်ဖော်ပြပါရောဂါတွေနဲ့ပတ်သက်ပြီး
သက်သာပျောက်ကင်းစေဖို့များစွာအထောက်အကူပြု ကြောင်းဖော်ပြထားကြပါတယ်။

ပန်းနာရင်ကြပ်အတွက် ကောင်းမွန်ခြင်း

ရောဂါအနေအထားကိုလိုက်ပြီး ကုသပေးမှုအရ ကျွမ်းကျင်သူပညာရှင်တို့ဟာ ပန်းနာရင်ကြပ်ရောဂါအတွက် စပျစ်သီးရဲ့အာနိသင်ကို အသုံးပြု တတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့စပျစ်သီးမှာ ရေဓာတ်ပါဝင်မှုမြင့်မားပြီး အဆုတ်ထဲ ရှိနေတဲ့အစိုဓာတ်ကိုတိုးမြှင့်ပေးတာကြောင့် ရင်ကြပ်တာတွေကို လျော့ကျစေခြင်းဘဲဖြစ်ပါတယ်။

အရိုးကျန်းမာရေးအတွက်ကောင်းမွန်ခြင်း

စပျစ်သီးမှာ အံ့သြစရာကောင်းလှစွာ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ် နဲ့ကြေးနီဓာတ်တို့အနည်းငယ်ပါဝင်နေတာကြောင့် အရိုးသာမာန်မှုကိုများစွာအထောက်အကူပြု ပါတယ်။ စပျစ်သီးကို အခြေခံအစားအစာထဲမှာ ပုံမှန်ထည့်ပြီး စားပေးခြင်းဖြင့်  အသက်ကြီးလာတဲ့အခါ အမျိုးသမီးတွေ အများဆုံးဖြစ်ပွားလေ့ရှိတဲ့ အရိုးပွရောဂါဖြစ်ပွားမှုကိုများစွာ ကာကွယ်နိုင်ပါတယ်။

နှလုံးရောဂါအတွက်ကောင်းမွန်ခြင်း

စပျစ်သီးဟာ သွေးထဲမှာ နိုက်ထရစ်အက်ဆစ်ကိုတိုးပွားစေတာကြောင့် သွေးခဲတာတွေကိုကာကွယ်ပေးပါတယ်။ဒါကြောင့်စပျစ်သီးမှာ Heart attacks ဖြစ်ပွားနှုန်းကို ထိရောက်စွာလျော့ချပေးနိုင်တဲ့အစွမ်းရှိခြင်းဖြစ်ပါတယ်။

ခေါင်းမူး၊ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

စပျစ်သီးဖျော်ရည် ဟာ ခေါင်းမူး၊ခေါင်းနောက်၊ခေါင်းကိုက်ခြင်းတို့ကိုကုသရာမှာ တကယ်ထိရောက်တယ်လို့ပြောဆိုထားကြပါတယ်။ မနက်ပိုင်းတွေမှာ စပျစ်သီးဖျော်ရည်ကို ရေမရောဘဲသောက်သုံးသင့်တယ်လို့လည်းညွှန်းဆိုထားကြပါတယ်။တစ်ခါတစ်ရံမှာ ဝိုင်နီတို့သောက်သုံးမိလို့ ခေါင်းတွေအုံခဲကိုက်ခဲနေတဲ့အချိန်တွေမှာ စပျစ်သီးဖျော်ရည်နဲ့ စပျစ်သီးရဲ့အစေ့တွေဟာ ဒီဝေဒနာတွေကို သက်သာစေဖို့ ထိရောက်စွာ ဖြေရှင်းပေးပါတယ်။ ဥပမာ- ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ အိပ်ရေးပျက်လို့ဘဲဖြစ်ဖြစ်၊ အရက်နာကျလို့ဖြစ်ဖြစ်ခေါင်းမူး၊ခေါင်းကိုက်ဖြစ်နေခဲ့ရင် အခုလို စပျစ်သီးဖျော်ရည်သောက်ပေးခြင်းဖြင့် များစွာသက်သာစေပါတယ်။

ဝမ်းချုပ်ခြင်းသက်သာစေခြင်း

စပျစ်သီးဟာ ဝမ်းချုပ်တာတို့ကိုသက်သာစေတဲ့ ဝမ်းပျော့စေတဲ့ အသစ်တစ်မျိုးဖြစ်ပါတယ်။သူ့မှာ သကြား၊ အော်ဂင်းနစ်အက်ဆစ် နဲ့ သဘာဝအရင်းအမြစ်တွေပါဝင်တာကြောင့် ဝမ်းပျော့စေတဲ့အသီးတစ်မျိုးအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ဒါ့အပြင်  ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေများစွာပါဝင်နေတာကြောင့် လည်း ဝမ်းပျော့ပျော့သွားစေဖို့များစွာ အထောက်အကူပြုတာဖြစ်ပါတယ်။

မောပန်းနွမ်းနယ်မှုတို့ကိုသက်သာစေခြင်း

အဖြူ ရောင်စပျစ်သီးမှာ သံဓာတ်အစား ဖြည့်စွက်ပေးနိုင်တဲ့ဓာတ်သဘာဝပါရှိနေပြီး မောပန်းနွမ်းနယ်မှုတို့ကို များစွာ ကာကွယ်ပေးပါတယ်။ဒါ့အပြင်သွေးအားနည်းရောဂါဖြစ်ပွားသူများအတွက် စပျစ်သီးကိုစားပေးခြင်းဖြင့် သံဓာတ်အားကောင်းစေဖို့များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမယ့် အနက်ရောင်စပျစ်သီးဖျော်ရည်ကို သောက်သုံးခြင်းဟာ သံဓာတ်ကို မတိုးစေဘဲ လျော့ကျစေတယ်ဆိုတာသတိရှိဖို့လိုပါတယ်။

ရင်သားကင်ဆာကိုသက်သာစေခြင်း

ဆေးသိပ္ပံပညာရှင်တို့လေ့လာတွေ့ရှိချက်အရ ခရမ်းရောင်စပျစ်သီးဖျော်ရည်ဟာ ရင်သားကင်ဆာဖြစ်ပွားမှုကို များစွာ ကာကွယ်ပေးကြောင်းဖော်ပြထားကြပါတယ်

မှတ်ဥာဏ်ချို့ယွင်းမှုရောဂါကိုသက်သာစေခြင်း

သုတေသနပညာရှင်တို့လေ့လာတွေ့ရှိချက်အရ စပျစ်သီးမှာ ပါဝင်တဲ့သဘာဝဓာတ်တွေဟာ ဦးနှောက်ဖွံ့ဖြိုးမှုတို့ကိုလည်းကောင်းမွန်စေကာ မှတ်ဥာဏ်ချို့ယွင်းမှုရောဂါတွေကိုလည်းများစွာသက်သာစေကြောင်းဖြော်ပထားကြပါတယ်။


Credit:  yangonlife မှ ကူးယူဖော်ပြသည်။