Thursday, October 29, 2015

မိမိခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှု ရှိမရှိ ဒီနည်းဖြင့် စစ်ဆေးသိရှိနိုင်

 Arkansas တက္ကသိုလ်မှ သုတေသီတွေက ဒီရေဓာတ်ပမာဏ တိုင်းတာစနစ်ကို အသက် ၈ နှစ်မှ ၁၄ နှစ်ကလေးတွေ သုံးလို့ရမရ ဆုံးဖြတ်ဖို့ရန်အတွက် ကျည်ငယ်ရည်ကို အရောင် ၈ မျိုးနဲ့ တိုင်းတာမှု နည်းလမ်းအသုံးပြုကာ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။




ဒီတိုင်းတာမှုစနစ်ကနေ တဆင့် ရှာဖွေတွေ့ရှိမှုမှ ကလေးတွေသာမဟုတ် လူကြီးတွေမှာပါ ရေဓာတ်ပမာဏ ဘယ်လောက်ရှိလဲ သတ်မှတ်ဆုံးဖြတ်ဖို့ အသုံးပြုနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

အမေရိကမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး သုတေသနအနေနဲ့ ကလေးဦးရေ ထက်ဝက်ဟာ ရေဓာတ်ပမာဏ လုံလောက်စွာ မရှိကြောင်း တွေ့ရှိခဲ့တယ်။ ယောက်ျားလေးတွေမှာ ရေဓာတ်ချို့တဲ့မှု ပမာဏအမြင့်ဆုံးဖြစ်ကြောင်း မှတ်တမ်း တင်ထားပါတယ်။

အမေရိကနိုင်ငံနဲ့ ဥရောပက ကလေးတွေဟာ နေ့စဉ်ရေဓာတ် လိုအပ်မှုပမာဏကို မသောက်သုံးကြကြောင်း သုတေသီများက ဆိုပါတယ်။ ဒီနည်းဖြင့် ရေပိုသောက်တဲ့ အကျင့်ကို ဖြစ်စေနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။

Credit: trend မှ ကူးယူဖော်ပြသည်။