Friday, October 30, 2015

ကလေးများအတွက် တစ်နေ့တာကို လန်းလန်းဆန်းဆန်း စတင်နိုင်ဖို့ အရေးကြီးတဲ့ မနက်စာ။

မနက်စာ ဟာ နေ့တစ်နေ့တွင် ကလေး များ အတွက် သာမက အရွယ်ရောက်ပြီးသောသူများအတွက်ပါ အရေးကြီးဆုံးဖြစ်ပါတယ်။ဒီမနက်စာ ဟာ တစ်နေ့တာလုံးလှုပ်ရှားလည်ပတ်ဖို့အတွက် ခန္ဓာကိုယ်ကို စွမ်းအင်တွေ ပြည့်အောင် အထောက်အကူပြုပါတယ်။ ဒါကြောင့် မနက်ပိုင်းတွင် မိခင်များအနေနဲ့ အချိန်မအားမလပ်ဖြစ်နေခဲ့ရင်တောင် မိမိတို့ရဲ့ ကလေးများကို ကျောင်းသို့ မသွားခင် အတတ်နိုင်ဆုံး အာဟာရပြည့်တဲ့ မနက်စာကို အသေအချာ ကျွေးလိုက်ဖို့လိုပါတယ်။ ဒီလိုမနက်စာလေး ကိုကောင်းကောင်းကျွေးလိုက်ခြင်းအားဖြင့် တစ်နေ့တာလုံးတောက်လျောက် ကျောင်းသင်ခန်းစာများကို သင်ယူခြင်းတို့တွင် အထောက်အကူကောင်းကောင်းပြုသလို စိတ်ရောကိုယ်ပါ နှစ်ပါးစလုံးကိုလည်း လန်းဆန်းတက်ကြွစေပါတယ်။

ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် မနက်စာ ရဲ့ အခန်းကဏ္ဍ။

ကလေးများရဲ့ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာပြောင်းလဲတိုးတက်မှုကို မြှင့်တင်ရာတွင် မနက်စာ ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ အနေနဲ့ လုပ်ဆောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးညနေစာ စားပြီးကတည်းက ၁၀နာရီအကြာ၊၁၂ နာရီအကြာလောက်မှာ ဦးနှောက် အတွက် အဓိကစွမ်းအင် ကို မနက်စာကဘဲကောင်းကောင်းအထောက်အကူပြုတာကြောင့်ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကာဗွန်ဟိုက်ဒရိုက်တွေ ပါဝင်တဲ့ ကောက်ပဲသီးနှံတွေ(ဥပမာ ဆန်၊ ဂျူံ) ၊ပေါင်မုန့်တွေ ကိုနံနက်စာအဖြစ်ကျွေးလိုက်ခြင်းအားဖြင့် တစ်နေ့တာလုံး ကလေးများ အတွက် ကျန်းမာလန်းဆန်းစေဖို့ စွမ်းအင်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မနက်စာ ပုံမှန်စားတဲ့ကလေးများဟာ မနက်စာ ပုံမှန် စားလေ့မရှိတဲ့ ကလေးများထက် ညဏ်ရည်သာလွန်ကြောင်း ကို သုတေသနများတွင်လည်းယခုလို ဖော်ပြထားပါတယ်။

-အတန်းထဲတွင် ပူးပေါင်းပါဝင်မှုအားကောင်းခြင်း နှင့် အာရုံစူးစိုက်နိုင်မှု အားကောင်းခြင်း။

-မှတ်သားဥာဏ် စွဲမြဲခြင်း နှင့် စကားအပြောအဆို ပီပြင်ကျွမ်းကျင်ခြင်း။

-သူငယ်ချင်းအပေါင်းအသင်းများနဲ့ ကောင်းမွန်စွာ ကစားနိုင်ခြင်း။

-ကျောင်းတက်ရတာကိုပျော်ရွှင်ပြီး စာသင်ကြားရတာကို စိတ်ဝင်စားခြင်း။

မိဘများမှ မနက်စာကိုကောင်းကောင်းကျွေးခြင်းဖြင့် ကလေးများကို ယခုလိုလည်း အထောက်အကူပြုပါသေးတယ်။

-နေ့စဉ်လိုအပ်နေသောအာဟာရဓာတ်ကို ကောင်းကောင်းရရှိခြင်း။

-ကျန်းကျန်းမာမာဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ခြင်း။

-ကျန်းမာပျော်ရွှင်စွာဖြင့် ကျောင်းပျက်ရက်နည်းပါးခြင်း။

ဒါဆိုရင် ကျန်းမာစေတဲ့ နံနက်စာ ဆိုတာက ဘာတွေလဲ။

ကျန်းမာရေးကောင်းစေတဲ့ နံနက်စာ ဆိုတာကတော့ ကာဗွန်ဟိုက်ဒရိုက်တွေ ပေါများစွာပါဝင်နေတဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။ဒီမှာ ကျန်းမာစေတဲ့ မနက်စာ အချို့ ကို ဥပမာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

-ထမင်းဖြူ ၊ နို့တစ်ခွက်

-ကြက်ဥပြုတ်တစ်လုံး

-ဒိန်ခဲတွေ ပါဝင်တဲ့ ပေါင်မုန့်

-ငှက်ပျောသီး တစ်လုံး

-ပန်းသီး တစ်လုံး

ဖြစ်နိုင်ရင်တော့ အစားအစာလေးတွေကို အုပ်စု ၅ စုလောက် ခွဲပြီး ပြည့်စုံစေတဲ့ မနက်စာလေး ဖြစ်စေဖို့ဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေ ကို မနက်စာကို ကောင်းကောင်းစားစေဖို့ တွန်းအားပေးရပါမယ်။ ဒီလိုနည်းနဲ့ ကလေးတွေ ကို အာဟာရဓာတ်ပြည့်ပြည့်စုံစုံ ရရှိစေဖို့ အထောက်အကူပြုရာ ကူညီပေးရာ ရောက်ပါတယ်။
အရေးကြီးဆုံးကတော့ မိဘ၂ ပါး ဟာ ကလေး အတွက် စံပြဖြစ်နေစေဖို့ကိုတော့ လုံးဝ မမေ့ပါနဲ့။ဘာကြောင့်လဲ ဆိုတော့  မိဘ ၂ပါး က မနက်စာ ကို ကောင်းစွာစားပြခြင်းဖြင့် သင့်တို့ ရဲ့ ကလေး ကလည်း မနက်စာ ကို ကောင်းစွာစားလာပါလိမ့်မယ်ဖြစ်ပါတယ်။

Credit: yangonlife မှ ကူးယူဖော်ပြသည်။