Saturday, October 31, 2015

စွန့်ဦးတီထွင် လုပ်ငန်းရှင် - အလီဘာဘာ တည်ထောင်ခဲ့သူ ဂျက်မား


Jack Ma´´
အလီဘာဘာ တီတည်ထောင်ခဲ့သူ ဂျက်မားအကြောင်းကိုစလေ့
လာမိတော့.... အခြေအနေပေးတဲ့ ကံကြောင့် ဒီလူဒီနေရာရောက်
လာခဲ့တာများလားလို့ပဲ သံသယစိတ်နဲ့ ယူဆမိခဲ့ပါသေးတယ်...
သူ့အမေးအဖြေအင်တာဗျူးတစ်ခုကိုကြည့်မိတော့မှ..ဒီလူဒီနေ
ရာကို တကယ်ထိုက်ထိုက်တန်တန်ရလာရောက်လာခဲ့ကြောင်းယုံကြည်
မိပါတော့တယ်... လူငယ်တွေ...အလုပ်လုပ်နေတဲ့သူတွေအတွက် တစ်ခုခု
ရနိုင်မယ်ထင်လို့... သူ့အင်တာဗျူးတစ်ခုက စကားတစ်ချို့ကိုသင့်တော်
သလိုရေးကြည့်မိပါတယ်...
.
"အသက် (၂ဝ)အရွယ်မတိုင်ခင်၊ ကျောင်းသားကောင်း
တစ်ယောက်ဖြစ်အောင်နေပါ။(မိမိလေ့လာသင်ယူရမယ့် ပညာရပ်
ကိုဒီအချိန်မှာ အကောင်းဆုံးလေ့လာသင်ယူပါ။)
.
အသက် (၃ဝ)မတိုင်ခင် တစ်ယောက်ယောက်နောက်လိုက်
ပညာယူပါ။ ဖြစ်နိုင်ရင် ကုမ္မဏီသေးသေးမှာလုပ်ပါ။
(ကိုယ့်ဘဝအစဦးဆုံးအချိန်တွေမှာ) ကုမ္မဏီ
အကြီးကြီးတွေမှာလုပ်မယ်ဆိုရင် Processing တွေကိုပဲ
လေ့လာဖို့ကောင်းပါတယ်။ ကုမ္မဏီကြီးတွေမှာဆိုရင် မင်းဟာ
သူတို့ စက်အကြီးစားကြီးရဲ့ အစိတ်အပိုင်းလေးပဲဖြစ်
နေပါလိမ့်မယ်။ ကုမ္မဏီအသေးလေးတွေမှာဆိုရင် သူတို့
ရဲ့ Passion တွေ သူတို့ Dream တွေကိုလေ့လာနိုင်ပါလိမ့်မယ်။
.
အသက် (၃ဝ)မတိုင်ခင်မှာ အလုပ်လုပ်တဲ့အခါ၊ ဘယ်ကုမ္မဏီမှာ
လုပ်တယ်ဆိုတာ အရေးမကြီးပါဘူး၊ ဘယ်လိုသူဌေးမျိုးဆီမှာအလုပ်
လုပ်မှာလဲ ဆိုတာ ပိုအရေးကြီးပါတယ်။အဲဒီလိုအချိန်မှာ သင်ယူ
ရတဲ့ သူဌေးကောင်းဆီကနေ နောင်အနာဂါတ်အတွက်၊အရေးကြီးတဲ့
အတွေ့အကြုံသင်ခန်းစာတွေသူ့ဆီကသင်ယူနိုင်အောင်ပါ။
.
မင်း (၂၅) နှစ်အရွယ်မှာ အမှားတွေလုပ်မိရင်လည်းစိတ်မပျက်ပါနဲ့၊
လဲကျတိုင်း၊ လဲကျတိုင်း၊ပြန်ထပါ။
.
စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အသက်(၃ဝ)နဲ့
(၄ဝ)ကြားထဲမှာကိုယ့်ကိုယ့်ကိုယ်စဉ်းစားသုံးသတ်ပါ။
အသက် (၄ဝ) နဲ့ (၅ဝ) ကြားထဲရောက်ပြီဆိုရင်တော့၊ ဟိုအလုပ်ကူး၊
ဒီအလုပ်ကူးဆိုတာမျိုးတွေမလုပ်ပါနဲ့တော့၊ ကိုယ်ကျွမ်းကျင်နဲ့နယ်ပယ်
မှာပဲ အထူးပြုပြီး၊ ကျွမ်းကျင်အောင်ဆောင်ရွက်ပါ။ အဲဒီအချိန်မှာ
ကိုယ်အောင်မြင်နေပြီဆိုရင်တောင် သတိထားပါ၊ ကျရှုံးသွားဖို့ အခွင့်
အရေးတွေရှိနေပါသေးတယ်။
.
မင်းအသက် (၅ဝ) ကနေ (၆ဝ) ရောက်ပြီဆိုရင်တော့ လူငယ်တွေ
အတွက်အကြိုးရှိတာ တစ်ခုခုလုပ်ဖို့ပြင်ဆင်ပါ။ ဘာကြောင့်လဲဆို
တော့ အဲဒီအချိန်ရောက်ရင် ငယ်တဲ့သူတွေက ခင်ဗျားထက် ပိုပြီးကောင်း
အောင်လုပ်နိုင်ပါလိမ့်မယ်။ သူတို့ကိုအားကိုးပါ၊ သူတို့ဆီမှာ ရင်းနှီးမြုပ်
နှံပါ၊ မင်းအသက် (၆ဝ) ကျော်လာပြီဆိုရင်တော့ ကိုယ့်အတွက်အချိန်
တွေပါပဲ....ကောင်းကောင်းအနားယူနိုင်ဖို့ကြိုးစားပါ..."
(Jack Ma)
By Aung Kyaw San