Saturday, October 24, 2015

ရယ်မောခြင်း နဲ့ ကျန်းမာရွှင်လန်းမှု











လူတွေမှာ သဘာဝ ကပေးတဲ့ ဆေးဘက်ဝင်လက်ဆောင်တွေများစွာရှိပါတယ်။ ဒီလို သဘာဝကပေးတဲ့ လက်ဆောင်တွေမှာ လူတွေ သတိမထားမိတဲ့ ကောင်းကျိုးတွေရှိနေတတ်ကြပါတယ်။ သဘာဝတရားဟာလူသားတွေကို လှပတဲ့လက်ဆောင်တွေပေးထားပြီးသားဖြစ်ပါတယ်။ လူသားတွေရဲ့ အသုံးပြုကျင့်သုံးမှုအပေါ်မူတည်ပြီး တောက်ပလင်းလက်သွားကြတာဖြစ်ပါတယ်။

လူသားအစပြုကာလ ဟာ ငိုကြွေးခြင်းနဲ့ စတင်ခဲ့ပေမယ့် မိခင် က ပြုံးရယ်ပြတဲ့အခါ လမင်းကြီးတစ်စင်းပြုံးရယ်ပြသလို ထူးဆန်းအံ့သြဖွယ်ရာငေးမောနေခဲ့ပြီး မိခင်ရဲ့ နှလုံးသားဆီမှနေ ကလေးငယ်ဆီကို ကူးစက်လာကာ ကလေးငယ်ရဲ့ နှစ်ခြိုက်စွာ ရယ်မောသံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မိခင်ဟာ မွေးဖွားခြင်း အစကာလမှာပင် ချစ်စရာကလေးငယ်ကို ပြုံးရယ်ခြင်း သဘာဝလက်ဆောင်ကို စတင်ပေးလိုက်ချိန်မှာ လူသားတွေဟာ နှစ်ခြိုက်စွာ ရယ်မောခြင်းဖြင့် လောကကြီးကို စတင်လာခဲ့ကြတာဖြစ်ပါတယ်။

အသားဖြူ သည်ဖြစ်စေ၊ညို သည်ဖြစ်စေ၊ ဘယ်လို အသားအရောင်မျိုးရှိနေပါစေ၊ပြုံးရယ်လိုက်တဲ့အခါ လူတိုင်းဟာ ကြည့်လို့ကောင်းပြီး စိတ်နှလုံးကို ရွှင်လန်းနှစ်သက်စေတာအမှန်ပါ။ အပြုံး က ကူးစက်လွယ်ပြီး စိတ်နှလုံးကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါပေမယ့်လူတွေဟာ ကာလ ရေစီးကြောင်းရဲ့ လွှမ်းမိုးမှုအောက်မှာ ပြုံးရယ်မှုတွေနည်းပါးလာကြပြီး အပြုံးတစ်ပွင့်၊ ရွှင်လန်းစွာ ရယ်မောရွှင်မြူးနိုင်ဟာ ရှားပါးလာကြပါတယ်။ လူတွေရဲ့မျက်နှာမှာ တင်းကြပ်မှုတွေနဲ့ပြည့်နှက်နေကာ ရှိရင်းစွဲ အသက်ထက် ပိုမိုရင့်ရော်လာကြပါတယ်။

တကယ်တော့ ရွှင်မြူးစွာ ရယ်မောခြင်းဟာ လူသားတွေအတွက် သဘာဝက ပေးတဲ့ လက်ဆောင်ဖြစ်ပြီး လူတိုင်း လွယ်ကူစွာ ပြုလုပ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ လူတွေ မသိနိုင်တဲ့ ငွေကုန်ကြေးကျမရှိ ဆေးဘက်ဝင်မှုတွေရှိပါတယ်။

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အကျိုးကျေးဇူးပြု ခြင်း

လူတွေဟာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ကြရတဲ့အချိန်မှာ ကိုယ်လက်မအီမသာနဲ့ ပင်ပန်းမှုဒဏ်ကိုခံစားကြရပါတယ်။ဒီလို ပင်ပန်းနွမ်းနယ်မှုတွေနဲ့ မလှုပ်ချင်မကိုင်ချင်ဖြစ်နေတဲ့အခါ ဟာသကားတစ်ခုခုကိုဖြစ်ဖြစ် ကြည့်ပြီး အားရပါးရရယ်မောလိုက်ဖို့လိုပါတယ်။ အားရပါးရရယ်ဖြစ်လိုက်တဲ့အခါ ကိုယ်ခန္ဓာ ရဲ့ပင်ပန်းနွမ်းနယ်မှုတွေဟာ သိသာစွာလျော့ကျသွားပြီး မမြင်ရတဲ့အင်အားတစ်ခု စီးဝင်လာသလို ပြန်လည်လန်းဆန်းလာတတ်ပါတယ်။ ဒါမှ မဟုတ် မိတ်ဆွေ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဆိုပြီး ရယ်မောလိုက်ပါ။တစ်ချို့ လူတွေဟာ အရမ်းကိုဟာသဥာဏ်ကြွယ်ဝကြပြီး ပြောဆိုလိုက်တဲ့ စကားလုံးတိုင်းဟာ ရယ်မောစရာ ကောင်းတာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ လူရွှင်တော်တွေရဲ့ဟာသကိုဖြစ်ဖြစ် နားထောင်ပြီး ရယ်မောလိုက်ခြင်းဟာ ကိုယ်ခန္ဓာ ရဲ့ပင်ပန်းမှု ကို သက်သာစေတဲ့ ဆေးနည်းတစ်မျိုးဖြစ်ပါတယ်။ကိုယ်ခံအားစနစ် ကောင်းစေခြင်း ၊ နှလုံးနဲ့ သွေးကြောများနဲ့ပတ်သက်ပြီး များစွာ အထောက်အကူပြုတာကြောင့် နှလုံးကြောင့် ဖြစ်တတ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားကြပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အကျိုးကျေးဇူးပြု ခြင်း

ဘယ်နေရာ၊ဘယ်အချိန်မှာဖြစ်ဖြစ် နှစ်ခြိုက်စွာ ရယ်မောခြင်းဟာ မိမိရဲ့ပတ်ဝန်းကျင်ကိုပါ ကူးစက်ရွှင်လန်းစေပါတယ်။စိတ်အားကိုတက်စေပြီး ကြောက်ရွံ့မှုတွေ၊ ငြီးငွေ့ပင်ပန်းမှုတွေကိုသက်သာစေခြင်း ၊ စိတ်ဖိစီးမှုတို့ လျော့ကျစေခြင်း၊ စိတ်နှလုံးကိုရွှင်လန်းစေဖို့ ပြန်လည်အားပြည့်စေခြင်း အာရုံရှုပ်ထွေးမှုတွေကိုပြန်လည်ဖြေလျော့နိုင်ပြီး အကူအညီဖြစ်စေခြင်းဘဲဖြစ်ပါတယ်။ လူမှုရေး အကျိုးကျေးဇူး ပြုခြင်း မသိကျွမ်းတဲ့ လူနှစ်ယောက်ကြားမှာ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့၊ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်ဖို့ ရယ်မောပြုံးရယ်ခြင်းဟာ ထိရောက်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။အဖွဲ့အစည်းပါတီတွေကြားမှာ တင်းမာမှုတွေကို ရှောင်နိုင်ဖို့ ညှိနှိုင်းစေ့စပ်ပေးခြင်လိုမျိုး ရယ်မောခြင်းဟာ ထိရောက်တဲ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။

လူမှုရေး အကျိုးကျေးဇူး ပြုခြင်း

 မသိကျွမ်းတဲ့ လူနှစ်ယောက်ကြားမှာ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့၊ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်ဖို့ဖော်ရွေစွာ ရယ်မောပြုံးရယ်ခြင်းဟာ ထိရောက်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။အဖွဲ့အစည်းပါတီတွေကြားမှာ တင်းမာမှုတွေကို ရှောင်နိုင်ဖို့ ပြုံးရွှင် ခြင်း၊ရယ်မောခြင်းဟာ ထိရောက်တဲ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ John Cleese က သူ့အနေနဲ့ ပရိတ်သတ်နဲ့ ခိုင်မာတဲ့ဆက်သွယ်ဆောင်ရွက်မှု တစ်ခုကိုရရှိဖို့နှစ်သက်စွာ ရယ်မောနိုင်ဖို့ဖန်တီးခြင်းဖြင့် စတင်ရကြောင်းပြောဆိုဖူးပါတယ်။ မတူညီတဲ့ယဉ်ကျေးမှုတွေကြားမှာ ဖိစီးမှုတွေမဖြစ်စေဘဲ သက်တောင့်သက်သာဖြစ်စေဖို့၊ ဆက်ဆံရေးတွေတိုးတက်စေဖို့၊ နှစ်ခြိုက်စွာ ပြုံးရွှင်ရယ်မောမှုဟာ လွယ်ကူတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုရရှိစေဖို့ ရယ်မောခြင်းဟာ ဆွဲဆောင်မှုရှိတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ဒီလိုပါဘဲ ရယ်မောခြင်းဟာ လူတွေအတွက်လူမှုရေးနယ်ပယ်မှာလည်း အကျိုးကျေးဇူးပေးပါတယ်။

Credit: yangonlife မှ ကူးယူဖော်ပြသည်။