Tuesday, October 20, 2015

လိမ္မော်သီးရဲ့အာနိသင်











 လူတိုင်း အသီးအနှံတစ်မျိုးမျိုး စားရတာကိုနှစ်သက်ကြပါတယ်။တစ်ချို့က ပန်းသီးကိုမက်မက်မောမောစားတတ်ကြပြီး တစ်ချို့က လိမ္မော်သီးဆိုရင် နှစ်နှစ်ခြိုက်ခြိုက်စားတတ်ကြပါတယ်။ဒါပေမယ့် အသီးတစ်မျိုးစီမှာ

သူ့ရဲ့ထူးခြားတဲ့အနှစ်အရသာရှိတတ်ကြရာ မတူညီတဲ့ကျန်းမာရေးအကျိုးကျေးဇူးပြုမှုလည်းရှိကြပါတယ်။ ဒီတစ်ကြိမ်မှာတော့  လိမ္မော်သီးကြိုက်သူများအတွက် လိမ္မော်သီးတစ်လုံးကိုစားသုံးခြင်းဖြင့် ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာဖော်ပြပေးလိုက်ပါတယ်။

ကင်ဆာကိုခုခံကာကွယ်ပေးခြင်း

လိမ္မော်သီးတစ်လုံးမှာ limonoids ပေါများစွာပါဝင်နေတာကြောင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့မဖြစ်ပွားရအောင် များစွာကာကွယ်နိုင်ပေးနိုင်ကြောင်းလေ့လာဖော်ပြထားကြပါတယ်။ ဒါကြောင့် လိမ္မော်သီးကိုနှစ်သက်စွာ စားပေးခြင်းဖြင့် ဖော်ပြပါကင်ဆာတို့ လျော့ကျကင်းဝေးစေနိုင်ပါတယ်။

ကျောက်ကပ်ရောဂါကိုကာကွယ်ပေးခြင်း

လိမ္မော်သီးဖျော်ရည်ကိုမှန်မှန်သောက်ပေးခြင်းဖြင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှု ကို များစွာကာကွယ်ပေးကြောင်း၊ ကျောက်ကပ်အတွက် ဖြစ်နိုင်ချေအန္တရာယ်တို့ကိုလည်းများစွာလျော့ချပေးကြောင်းဖော်ပြထားကြပါတယ်။ဒါပေမယ့် မျမျတတသာသောက်သုံးသင့်ပြီး အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖျော်ရည်ထဲမှာ အချိုဓာတ်ပါဝင်နေတဲ့အခါ သွားများကို ပျက်စီးစေနိုင်တာကြောင့် သတိထားစေဖို့ဘဲဖြစ်ပါတယ်။

အသည်းကင်ဆာရဲ့အန္တရာယ်ကိုလျော့ကျစေခြင်း

ဂျပန်နိုင်ငံမှာ လေ့လာစမ်းသပ်မှု ၂ ခုအရ လိမ္မော်သီးကိုမျတစွာစားသုံးပေးခြင်းဖြင့် အသဲကင်ဆာဖြစ်ပွားမှုကို လျော့ချနိုင်ကြောင်းဖော်ပြထားကြပါတယ်။ ဒါဟာ carotenoids လို့ ခေါ်တဲ့Vitamin A compounds ကြောင့်ဖြစ်နိုင်ကြောင်းလေ့လာသုံးသပ်ထားကြပါတယ်။

ကိုလက်စထရောကိုလျော့ချစေခြင်း

လိမ္မော်သီးတစ်လုံးမှာ အမျှင်ဓာတ်အပြည့်အဝပါဝင်နေတာကြောင့် ကိုလက်စထရောကိုလျော့ချစေဖို့များစွာ အထောက်အကူပြုခြင်းဘဲဖြစ်ပါတယ်။

နှလုံးကျန်းမာရေးကိုကောင်းစေခြင်း

လိမ္မော်သီးတစ်လုံးမှာ ပိုတက်စီယမ်ဓာတ်ပြည့်ဝစွာပါဝင်နေခြင်းကြောင့် နှလုံးရဲ့လုပ်ဆောင်ချက်ကို များစွာအထောက်အကူပြု ကာ နှလုံးကျန်းမာရေးကိုကောင်းစေပါတယ်။ လူတစ်ယောက်မှာ ပိုတက်စီယမ်ဓာတ်လျော့ကျလာတဲ့အခါ နှလုံးခုန်နှုန်းဟာ ပုံမှန်မဟုတ်တော့တဲ့ အခြေအနေတစ်ခုခု ကိုခံစားကြရပါတယ်။ ဒါကြောင့် လိမ္မော်သီးကိုပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးအတွက် ဂရုစိုက်နေရသူများအတွက် များစွာ အထောက်အကူရစေနိုင်ပါတယ်။

နာတာရှည်နဲ့ အခြားရောဂါဖြစ်ပွားမှုကို နည်းပါးစေခြင်း

လိမ္မော်သီးမှာ ဗီတာမင် c လည်းပေါများစွာ ပါဝင်နေရာ  သူ့ရဲ့အာနိသင်က အပြင်ပတ်ဝန်းကျင် မှလာတဲ့အမှုန်အမွှားတွေကြောင့်ဖြစ်ပွားတတ်တဲ့ နာတာရှည်ရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါ တို့ကို ကောင်းစွာ ကာကွယ်ပေးနိုင်ခြင်းဘဲဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း

လိမ္မော်သီးမှာ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် ဝမ်းချုပ်တတ်သူများအနေနဲ့များများစားပေးသင့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။

အမြင်အာရုံကိုကောင်းစေခြင်း

လိမ္မော်သီးမှာ carotenoid compounds လည်း ပါဝင်နေတာကြောင့် ဗီတာမင် A လိုဘဲ မျက်လုံးကြွက်သားတွေကို များစွာ အကူအညီပေးခြင်းဘဲဖြစ်ပါတယ်။

သွေးပေါင်ကို ပုံမှန်လည်ပတ်စေခြင်း

လိမ္မော်သီးမှာ flavonoid hesperidin ကိုပါရှာဖွေတွေ့ရှိတာကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး သွေးပေါင်ချိန်ပုံမှန်လည်ပတ်စေဖို့ အထောက်အကူပြု ခြင်းပင်ဖြစ်ပါတယ်။

အသားအရေကိုကာကွယ်ပေးခြင်း

လိမ္မော်သီးမှာ beta-carotene များစွာပါဝင်နေတာကြောင့် ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့စွမ်းအားအပြည့်ရှိနေပါတယ်။ဒါ့အပြင် ပြင်ပအမှုန်အမွှားတွေကြောင့် အရေပြားတွေပျက်စီးပြီး အိုမင်းရင့်ရော်အရေးကြောင်းထင်တဲ့ကိစ္စရပ်တွေကိုပါ များစွာ ကာကွယ်ပေးနိုင်ခြင်းဘဲဖြစ်ပါတယ်။

Credit: yangonlife မှ ကူးယူဖော်ပြသည်။