Thursday, October 22, 2015

ဒီကျန်းမာရေးပြသနာတွေကို ကြက်သွန်နီက အလွယ်တကူ ဖြေရှင်းပေးနိုင်

 ကြက်သွန်ဖြူကို အစွမ်းထက် ပိုးသတ်ဆေးတစ်မျိုးအဖြစ် ကျွန်ုပ်တို့သိကြပါတယ်။ ဒါပေမယ့် ကြက်သွန်နီရဲ့ အနာရောဂါပျောက်ကင်းစေတဲ့ တန်ခိုးစွမ်းရည်အကြောင်း ကျွန်ုပ်တို့ ဘယ်လောက်သိ ထားကြလဲ။

ကြက်သွန်နီမှ ကူညီဖြေရှင်းပေးနိုင်တဲ့ ကျန်းမာရေးပြသနာ (၅) ခုကို လေ့လာကြည့်ပါ။

၁။ နားဖာချေး ပိတ်ဆို့ခြင်း ဖယ်ရှားပေး

ကြက်သွန်နီရဲ့ အလယ်ဗဟိုကို ဖယ်ထုတ်ပြီး အဝတ်စတစ်ခုဖြင့် နားရွက်ပေါက်ဝမှာ ထားရပါမယ်။ နားရွက်ထဲထိ မသွင်းပါနဲ့။ တစ်ညထားပြီး မနက်ရောက်တဲ့အခါ နားဖာချေး ပျော့အိပြီး  အလွယ်တကူ ဖယ်ရှားနိုင်ပါလိမ့်မယ်။

၂။ မီးအပူလောင်သက်သာစေ

ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး မီးအပူလောင်ခံရတဲ့နေရာမှာ အနည်းဆုံး ၂ မိနစ် ထားပေးပါ။ မီးလောင်ဒဏ်ရာကို သက်သာစေပြီး နာကျင်ကိုက်ခဲမှုကို လျော့နည်းသက်သာစေပါတယ်။

၃။ ပျား သို့မဟုတ် နကျယ်ကောင်ကိုက်တဲ့ နာကျင်မှု သက်သာစေ

အဆိပ်ဆူး ဖယ်ရှားပြီးနောက် အကိုက်ခံရတဲ့နေရာကို မကုပ်ခြစ်၊ မဖိနှိပ်မိပါနဲ့။ ကြက်သွန်နီတစ်လုံးချေပြီး နာကျင်ကိုက်ခဲတဲ့နေရာမှာ ထားတာ ပိုကောင်းပါတယ်။

၎။ ခန္ဓာကိုယ်အပူချိန်လျော့ကျစေ

ကြက်သွန်နီကို အပိုင်းပိုင်းဖြစ်အောင်ဖြတ် ခြေအိတ်တွေထဲ ထည့်ပြီး နာရီအနည်းငယ်ကြာအောင် စွပ်ထားလိုက်ပါ။ ခန္ဓာကိုယ်အပူချိန် လျော့ကျစေပါလိမ့်မယ်။

၅။ အဆိပ်အတောက်များ ဖယ်ထုတ်ပေး

ဒီတစ်ချက်က အရိုးရှင်းဆုံးဖြစ်တယ်။ ကြက်သွန်နီကို အစိမ်းစားလိုက်စားဖို့ပဲ လိုပါတယ်။

Credit: trend  မှ ကူးယူဖော်ပြသည်။