Monday, October 19, 2015

မကြာမီ ကွန်ပျူတာမှ သင့်နေ့စဉ် လှုပ်ရှားမှုတွေ ခန့်မှန်းသိရှိနိုင်တော့မယ်

သုတေသီအဖွဲ့တစ်ဖွဲ့မှ ကွန်ပျူတာကို လူသားများနေ့စဉ် ဆောင်ရွက်နေကျအရာတွေ သိရှိနားလည်အောင် သင်ကြားပေးမယ့် နည်းလမ်းသစ်တစ်ခုဖြစ်တဲ့ လူတွေရဲ့ နေ့စဉ် လှုပ်ရှားမှုများအား ခန့်မှန်းခြင်းနဲ့ ဖြစ်နိုင်ခြေ အလားအလာများအား ဖော်ပြပေးနိုင်မယ့် တီထွင်ဖန်တီးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အမေရိကားနိုင်ငံ တက္ကသိုလ်တစ်ခုမှ သုတေသပညာရှင်များဟာ လက်မှာ ပတ်နိုင်တဲ့ ကင်မရာတစ်မျိုးဖြင့်  ၆ လအတွင်း စက္ကန့် ၃၀ မှ ၆၀ တိုင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၄၀,၀၀၀ ထက်မက စုပေါင်းထားပြီး ယင်းပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ နေ့စဉ်လှုပ်ရှားမှုကို ၈၃ ရာခိုင်နှုန်း အတိအကျမှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပါတယ်။ ကွန်ပျူတာကို ဓာတ်ပုံတွေ အမျိုးအစားခွဲခြားတတ်အောင် သင်ပေးထားပါတယ်။

ဓာတ်ပုံမှာဖော်ပြထားတဲ့အရာက တစ်နေ့ချင်း ရိုက်တဲ့ပုံတွေ မှန်ကန်စွာ အမျိုးအစားခွဲခြား သတ်မှတ်ထားခြင်း ရှိမရှိပြန်လည်စစ်ဆေးမှတ်ချက်ပြုနိုင်ပါတယ်။ အတွင်းကျကျလေ့လာခြင်းဖြင့် လူတစ်ဦးတစ်ယောက်ရဲ့ အပြုအမူနဲ့ အကျင့်စရိုက်တွေ နားလည်စေနိုင်တယ်ဆိုတာ လက်တွေ့ပြသဖို့ ပုံများမှ အချက်အလက်ကို စုစည်းထားကြောင်း ယင်းအဖွဲ့က မှတ်ယူထားပါတယ်။

Credit:  trend myanmar မှ ကူးယူဖော်ပြသည်။