Friday, August 28, 2015

ကနေဒါ ကောင်လေး ဧရာမ တူနာငါးကြီး ဖမ်းမိ

ကနေဒါ လူငယ်လေး တစ်ဦးသည် ၄၈၆ ပေါင် ( ၂၂၀ ကီလိုဂရမ်) လေးသော တူနာငါးကြီး တစ်ကောင်ကို အက်ဒွပ်ကျွန်း ကမ်းလွန်ရှိ နော်ဖရတ် ဆိပ်ကမ်းနားတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖမ်းမိသူ လူငယ်မှာ အသက်(၁၀) နှစ်သာ ရှိသေးသည့် ကိုအန် နော်တန် ဖြစ်သည်။ အဆိုပါ ငါးကြီးကို ဖမ်းမိသောကြောင့် နိုင်ငံတကာ ငါးဖမ်းနည်း အားကစား အသင်းချုပ်တွင် စံချိန်သစ် တင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ အသက် (၁၀) နှစ် အရွယ်ဖြင့် ဖမ်းမိသမျှတွင် ကမ္ဘာ့အကြီးဆုံး ငါးကြီး ဖြစ်လာနိုင်သည်။ ၎င်းသည် မိသားစုပိုင် လှေငယ်ကိုစီးကာ ငါးမျှားနေစဉ် ထိုငါးကြီးကို တနင်္ဂနွေနေ့က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ နော်တန်သည် ငါးနှစ်သား ကတည်းက ငါးစမျှားတတ်နေပြီ ဖြစ်သည်။

 “သူက တော်တော်လေး စံချိန်တင် ချင်နေတာပါ။ သူ့အသက်(၁၀) နှစ်လောက် အထိ စောင့်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ သူ့ လောက်ကြီးတဲ့ ငါးမျိုး ဖမ်းနိုင်သူ မရှိပါဘူး။ (၁၀) နှစ် ပြည့်တော့ အဆင်ပြေတာပေါ့”ဟု ၎င်း၏ ဖခင်ဖြစ်သူ ဂရက်နော်တန်ကလည်း ဆိုသည်။

Credit:BBC