Tuesday, January 17, 2017

အသက္အရြယ္ႀကီးသူမ်ား ေန႔လယ္တြင္ တစ္နာရီခန္႔ တစ္ေရးအိပ္ျခင္းေၾကာင့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ အားေကာင္းႏုိင္

 သက္ႀကီးရြယ္အိုမ်ား ေန႔လယ္ခင္းတစ္နာရီခန္႔ တစ္ေရးတစ္ ေမာအိပ္ေပးျခင္းေၾကာင့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ကို အားေကာင္းေစႏိုင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

ယင္းကဲ့သုိ႔ ေန႔ခင္းဘက္ တစ္ေရးတစ္ေမာအိပ္စက္ျခင္းေၾကာင့္ သက္ႀကီးရြယ္အိုမ်ားၾကား မွတ္ဉာဏ္ႏွင့္ ရွင္းရွင္းလင္းလင္း စဥ္း စားႏုိင္မႈကို တုိးတက္ေစေၾကာင္း သုေတသီမ်ားက ေျပာသည္။

ယခုေလ့လာမႈတြင္ အသက္ (၆၅)ႏွစ္ႏွင့္အထက္ သက္ႀကီး ရြယ္အို ၃,၀၀၀ နီးပါးပါ၀င္ၿပီး သုေတသီမ်ားက ၎တို႔၏ ညဘက္ အိပ္စက္ေသာ အေလ့အထမ်ားႏွင့္ ေန႔ခင္းဘက္တစ္ေရးတစ္ေမာ အိပ္စက္ျခင္း ရိွ၊ မရိွႏွင့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္အေပၚ သက္ ေရာက္ပံုအားေလ့လာခဲ့ျခင္းျဖစ္သည္။

ေလ့လာမႈတြင္ ပါ၀င္သူ ၆၀ ရာခုိင္ႏႈန္းနီးပါးသည္ ေန႔လယ္ စာစားခ်ိန္ေနာက္ပုိင္း တစ္ေရးတစ္ေမာအိပ္စက္ေလ့ရိွၾကသည္။ ၎တို႔၏ တစ္ေရးတစ္ေမာအိပ္စက္ခ်ိန္မွာ မိနစ္ ၃၀ ခန္႔မွေန၍ မိနစ္ ၉၀ ေက်ာ္အထိ ၾကာျမင့္သည္။ ေလ့လာမႈတြင္ ပါ၀င္သူ အ မ်ားစုသည္ တစ္နာရီခန္႔ၾကာေအာင္ အိပ္စက္ေလ့ရိွၾကေၾကာင္း ေလ့လာေတြ႕ရိွသည္။

အေမရိကန္ႏုိင္ငံ ဖီလာဒဲလ္ဖီးယားျပည္နယ္ ပင္ဆယ္ေဗးနီး ယားတကၠသုိလ္မွ သုေတသီမ်ားက ၎တုိ႔ကုိ စိတ္ပုိင္းဆုိင္ရာ စမ္း သပ္မႈအမ်ားအျပား ျပဳလုပ္ခဲ့ၿပီး အေျခခံသခ်ၤာျပႆနာမ်ားကို ေျဖ ရွင္းခုိင္းျခင္း၊ ႐ုိးရွင္းေသာ ေမးခြန္းမ်ားကုိ ေျဖေစျခင္းတုိ႔ လုပ္ခုိင္း ခဲ့သည္။ ထို႔အျပင္ စကားလံုးမ်ားကို မွတ္သားထားၿပီး ျပန္ေျပာင္း ေျပာဆုိေစျခင္းတုိ႔ျဖင့္ ၎၏ဦးေႏွာက္လုပ္ေဆာင္ခ်က္ကုိ တုိင္း တာခဲ့သည္။

ေန႔လယ္စာစားၿပီး တစ္နာရီခန္႔ တစ္ေရးတစ္ေမာ အိပ္စက္ သူမ်ားသည္ ေန႔လယ္ခင္း လံုး၀မအိပ္သူမ်ားထက္ပို၍ ဦးေႏွာက္ လုပ္ေဆာင္ခ်က္ ပုိေကာင္းေၾကာင္း ေလ့လာေတြ႕ရိွသည္။

ေလ့လာမႈတြင္ ပါ၀င္ေသာ လံုး၀မအိပ္သူ၊ ေခတၱသာ အိပ္စက္သူ (သိ႔ုမဟုတ္) အခ်ိန္အၾကာႀကီးအိပ္စက္သူမ်ားသည္ စိတ္ပုိင္း ဆုိင္ရာစြမ္းရည္မ်ား ေလ်ာ့က်ေၾကာင္း သုေတသီမ်ားကေျပာသည္။သုိ႔ေသာ္ ယခုေလ့လာမႈက ေန႔ခင္းဘက္ တစ္နာရီၾကာ အိပ္စက္ျခင္းေၾကာင့္ စိတ္ပုိင္းဆုိင္ရာစြမ္းေဆာင္ရည္မ်ားကုိ ျမင့္တက္ေစႏုိင္ေၾကာင္း ေဖာ္ျပေသာ္လည္း ယင္းသုိ႔ တုိးတက္ေစေသာ အေၾကာင္း ရင္းႏွင့္ သက္ေရာက္မႈကို ေဖာ္ျပမထားေပ။


 သက်ကြီးရွယ်အိုများ နေ့လယ်ခင်းတစ်နာရီခန့် တစ်ရေးတစ် မောအိပ်ပေးခြင်းကြောင့် ဦးနှောက်လုပ်ဆောင်ချက်ကို အားကောင်းစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ယင်းကဲ့သို့ နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်စက်ခြင်းကြောင့် သက်ကြီးရွယ်အိုများကြား မှတ်ဉာဏ်နှင့် ရှင်းရှင်းလင်းလင်း စဉ်း စားနိုင်မှုကို တိုးတက်စေကြောင်း သုတေသီများက ပြောသည်။

ယခုလေ့လာမှုတွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အို ၃,၀၀၀ နီးပါးပါဝင်ပြီး သုတေသီများက ၎င်းတို့၏ ညဘက် အိပ်စက်သော အလေ့အထများနှင့် နေ့ခင်းဘက်တစ်ရေးတစ်မော အိပ်စက်ခြင်း ရှိ၊ မရှိနှင့် ဦးနှောက်လုပ်ဆောင်ချက်အပေါ် သက် ရောက်ပုံအားလေ့လာခဲ့ခြင်းဖြစ်သည်။

လေ့လာမှုတွင် ပါဝင်သူ ၆၀ ရာခိုင်နှုန်းနီးပါးသည် နေ့လယ် စာစားချိန်နောက်ပိုင်း တစ်ရေးတစ်မောအိပ်စက်လေ့ရှိကြသည်။ ၎င်းတို့၏ တစ်ရေးတစ်မောအိပ်စက်ချိန်မှာ မိနစ် ၃၀ ခန့်မှနေ၍ မိနစ် ၉၀ ကျော်အထိ ကြာမြင့်သည်။ လေ့လာမှုတွင် ပါဝင်သူ အ များစုသည် တစ်နာရီခန့်ကြာအောင် အိပ်စက်လေ့ရှိကြကြောင်း လေ့လာတွေ့ရှိသည်။

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားပြည်နယ် ပင်ဆယ်ဗေးနီး ယားတက္ကသိုလ်မှ သုတေသီများက ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ စမ်း သပ်မှုအများအပြား ပြုလုပ်ခဲ့ပြီး အခြေခံသချင်္ာပြဿနာများကို ဖြေ ရှင်းခိုင်းခြင်း၊ ရိုးရှင်းသော မေးခွန်းများကို ဖြေစေခြင်းတို့ လုပ်ခိုင်း ခဲ့သည်။ ထို့အပြင် စကားလုံးများကို မှတ်သားထားပြီး ပြန်ပြောင်း ပြောဆိုစေခြင်းတို့ဖြင့် ၎င်း၏ဦးနှောက်လုပ်ဆောင်ချက်ကို တိုင်း တာခဲ့သည်။

နေ့လယ်စာစားပြီး တစ်နာရီခန့် တစ်ရေးတစ်မော အိပ်စက် သူများသည် နေ့လယ်ခင်း လုံးဝမအိပ်သူများထက်ပို၍ ဦးနှောက် လုပ်ဆောင်ချက် ပိုကောင်းကြောင်း လေ့လာတွေ့ရှိသည်။

လေ့လာမှုတွင် ပါဝင်သော လုံးဝမအိပ်သူ၊ ခေတ္တသာ အိပ်စက်သူ (သို့မဟုတ်) အချိန်အကြာကြီးအိပ်စက်သူများသည် စိတ်ပိုင်း ဆိုင်ရာစွမ်းရည်များ လျော့ကျကြောင်း သုတေသီများကပြောသည်။သို့သော် ယခုလေ့လာမှုက နေ့ခင်းဘက် တစ်နာရီကြာ အိပ်စက်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်များကို မြင့်တက်စေနိုင်ကြောင်း ဖော်ပြသော်လည်း ယင်းသို့ တိုးတက်စေသော အကြောင်း ရင်းနှင့် သက်ရောက်မှုကို ဖော်ပြမထားပေ။

7Day Daily Journal မွကူးယူေဖာ္ျပသည္။

www.ibestmagazine.com
#ဗဟုသုတ